(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်ပြိုင်ပွဲတွင် ရေတာရှည်မြို့နယ်မှ ရွှေတံဆိပ် ၇ ဆု၊ ငွေတံဆိပ် ၂ ဆုရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်ပြိုင်ပွဲတွင် ရေတာရှည်မြို့နယ်မှ ရွှေတံဆိပ် ၇ ဆု၊ ငွေတံဆိပ် ၂ ဆုရရှိ



MNP - စက်တင်ဘာ  ၂၁


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်မှ  ၂၀၂၂ ခုနှစ်၊ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ တိုင်းဒေသကြီး/ပြည်နယ်အဆင့်ပြိုင်ပွဲတွင် ဆုရရှိခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရေတာရှည်မြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဥက္ကာသန်းနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာ/ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများတက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ ချမ်းမြေ့ပါစေသီချင်းအား သီဆိုတီးခတ်ဖျော်ဖြေခဲ့ပြီးနောက် မြန်မာ့ရိုးရာ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ တိုင်းဒေသကြီး/ပြည်နယ်အဆင့်ပြိုင်ပွဲတွင် ဆုရရှိခဲ့သူများက ပြိုင်ပွဲဝင် သီချင်းများဖြင့် သီဆိုတီးခတ်ဖျော်ဖြေခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဥက္ကာသန်းနှင့် ဌာနဆိုင်ရာများ ဆရာ/ ဆရာမများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။


ပဲခူးတိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်သည့်  (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ တိုင်းဒေသကြီး/ ပြည်နယ် အဆင့်ပြိုင်ပွဲတွင် မောင်ဟိန်းထက်ပိုင်မှ(၁၀-၁၅)နှစ်အတွင်း  ဒုံမင်းအတီးပြိုင်ပွဲတွင် ပထမဆုကိုလည်းကောင်း မခိုင်သန္တာစိုးမှ ဝါသနာရှင် ပထမတန်းပညာရှင်အဆင့် ဒုံမင်းအတီးပြိုင်ပွဲတွင် ပထမဆုကိုလည်းကောင်း၊ မသဇင်မြင့်မှ ကာလပေါ်အဆိုပြိုင်ပွဲ၊ အမျိုးဂုဏ်အဆိုပြိုင်ပွဲ၊ ဒုံမင်းအတီးပြိုင်ပွဲများတွင် ပထမဆု(၃)ဆုကိုလည်းကောင်း၊ မောင်ရဲရင့်မှ အဆင့်မြင့်ပထမနှစ် ဆိုင်းဝိုင်းတီးပြိုင်ပွဲနှင့် ပတ္တလားတီးပြိုင်ပွဲများတွင် ပထမဆု(၂)ဆုကိုလည်းကောင်း၊ မလှိုင်းနန္ဒာမိုးမှ ခေတ်ဟောင်းကာလပေါ် ဝါသနာရှင် ဒုတိယတန်းအဆိုပြိုင်ပွဲတွင် ဒုတိယဆုနှင့် မောင်ရဲမြင့်မှခေတ်ဟောင်းကာလပေါ် ဝါသနာရှင်ဒုတိယတန်း အဆိုပြိုင်ပွဲတွင် ဒုတိယဆုများကိုလည်းကောင်း အသီးသီးရရှိခဲ့သဖြင့် ရေတာရှည်မြို့နယ်မှ ပြိုင်ပွဲဝင် ၆ ယောက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး  ရွှေတံဆိပ် ၇ ဆု၊ ငွေတံဆိပ် ၂ ဆု ရရှိခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)