(၄၃)ကြိမ်မြောက် မုဒုံမြို့ မြို့လုံးဆိုင်ရာ ဆွမ်းဆန်တော်လှူဒါန်းပွဲ ရေစက်ချအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၄၃)ကြိမ်မြောက် မုဒုံမြို့ မြို့လုံးဆိုင်ရာ ဆွမ်းဆန်တော်လှူဒါန်းပွဲ ရေစက်ချအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း တက်ရောက်




MNP - စက်တင်ဘာ   ၂၁


မွန်ပြည်နယ် မုဒုံမြို့ မြို့နယ်လုံးဆိုင်ရာ (၄၃)ကြိမ်မြောက် ဆွမ်းဆန်တော်လှူဒါန်းပွဲ ရေစက်ချအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက မြို့မ(၄)ရပ်ကွက်ရှိ ဓမ္မရာဇိန် ဘုန်းကြီးကျောင်း၌ ကျင်းပသည်။


ရှေးဦးစွာ ဆရာတော်သံဃာတော်ကြီးများ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး သံဃာ့ဒါနဆွမ်းဆန်တော် လှူဒါန်းရေးအဖွဲ့  သြဝါဒစရိယ ကျောက်ဝိုင်းကျောင်းတိုက် ဆရာတော်ကြီးထံမှ သီလတော်မြတ်ခံယူ ဆောက်တည်ကြပြီးနောက် သံဃဂိုဏ်းပေါင်းစုံ သြဝါဒစရိယဆရာတော်ကြီးများထံမှ မေတ္တာသုတ်၊ ရတနာ့သုတ်၊ အာဌာနာတိယသုတ် အစရှိသော ပရိတရားတော်များအား ချီးမြှင့်ခဲ့သည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများတို့က သြဝါဒစရိယ ဆရာတော်ကြီးများထံ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများအား အသီးသီး ဆက်ကပ် လှူဒါန်းခဲ့သည်။ ထို့နောက် မုဒုံမြို့နယ် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းမှ အသင်းဝင်ကဒ်များအား ပြည်နယ်ဝန်ကြီးချုပ်မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းထံ ပေးအပ်ခဲ့သည်။ ယင်းနောက် မုဒုံမြို့လုံးဆိုင်ရာ ဆွမ်းဆန်တော်လှူ ဒါန်းပွဲတွင် မွန်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းခဲ့သည့် ၂၄ ပြည်အိတ် ဆန်အိတ် ၃၀ အပါအဝင် မြို့သူ/သားများနှင့် ဌာနဆိုင်ရာများမှ လှူဒါန်းခဲ့သည့် ဆန်တင်းပေါင်း ၂၅၆၅ တင်း ၊ အလှူငွေ ၂၆၂၁၆၂၀၀ ကျပ်အား မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း ၇၄ ကျောင်း၊ သီလရှင်ကျောင်း ၆ ကျောင်းအား ခွဲဝေလှူဒါန်းသွားမည်ဖြစ်ကြောင်း မုဒုံမြို့နယ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ရှင်းလင်းတင်ပြခဲ့ပြီး လှူဒါန်းမှုအစုစုတို့အား ဓမ္မရာဇိန်ကျောင်းတိုက် ဆရာတော် ဥုးဝရုဏမှ ရေစက်သွန်းချအမျှပေးဝေခဲ့ကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌာတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


သတင်း - သားငယ် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)