ကျောက်ဆည်မြို့နယ် လူမှုဖူလုံရေးရုံးမှ အလုပ်တွင်ထိခိုက်သေဆုံးမှုအတွက် နာရေးစရိတ်နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့်ငွေ(၄၄၈၈၄၈၀)ကျပ် ထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ် လူမှုဖူလုံရေးရုံးမှ အလုပ်တွင်ထိခိုက်သေဆုံးမှုအတွက် နာရေးစရိတ်နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့်ငွေ(၄၄၈၈၄၈၀)ကျပ် ထုတ်ပေး




MNP - စက်တင်ဘာ  ၂၁


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံတွင် ယမန့်နေ့မွန်းလွဲ(၂)နာရီက ကျောက်ဆည်မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားတစ်ဦးအား ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီအလုပ်တွင် ထိခိုက်သေဆုံးမှုအတွက် နာရေးစရိတ်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့်ငွေ (၄၄၈၈၄၈၀)ကျပ်အား ထုတ် ပေးခြင်း အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။


ငွေကြေးအကျိုးခံစားခွင့်ထုတ်ပေးခြင်းအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေများအကြောင်းနှင့် အကျိုးခံစားခွင့်အကြောင်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ကံကောင်းခြင်းရတနာသစ်အချောထည်စက်ရုံမှ အာမခံအလုပ်သမား ဦးနန်းလင်းအောင်၏  အလုပ်တွင်ထိခိုက်သေဆုံးမှုအတွက် အကျိုးခံစားခွင့်ငွေများ ကို ကျန်ရစ်သူမိသားစုအား ထုတ်ပေးခဲ့ကြောင်း သိရသည်။


အာမခံအလုပ်သမား ဦးနန်းလင်းအောင်သည် ၂၀၂၂ ခုနှစ်၊ဇူလှိုင်လ(၃၀)ရက်နေ့ ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံ၌ ည(၈) နာရီမှနံနက်(၄)နာရီအချိန်ထိ အလုပ်တာဝန်ထမ်းဆောင်နေချိန်တွင် ကော်စက်သန့်ရှင်းရေးအတွက် Lifter ခုံအပေါ်တက်၍ ရေဘားဖွင့်ပြီး Roller ရေဆေးနေစဉ် ခြေချော်၍ Lighting မီးကြိုးအားဆွဲကိုင်ရာ မီးကြိုးပြတ်ပြီး ဓာတ်လိုက်သေဆုံးသွားခဲ့သဖြင့် ကျောက်ဆည်လူမှု ဖူလုံရေးရုံးမှ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် နာရေးစရိတ် (၁၆၈၄၈၀)ကျပ်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့်(၄၃၂၀၀၀၀)ကျပ် စုစုပေါင်း(၄၄၈၈၄၈၀) ကျပ် ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)