မိတ္ထီလာခရိုင်တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် သောက်သုံးရေလိုအပ်လျက်ရှိသော ကျေးရွာများအတွက် ထောက်ပံ့ငွေ ၂၆.၅၇၉ သန်း ကျော်အား ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာခရိုင်တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် သောက်သုံးရေလိုအပ်လျက်ရှိသော ကျေးရွာများအတွက် ထောက်ပံ့ငွေ ၂၆.၅၇၉ သန်း ကျော်အား ထောက်ပံ့ပေးအပ်



MNP - စက်တင်ဘာ   ၂၁


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ သဘာဝဘေးကြောင့်ပျက်စီးဆုံးရှုံးမှုများနှင့် သောက်သုံးရေလိုအပ်လျက်ရှိသော ကျေးရွာများအတွက် ထောက်ပံ့ငွေ ၂၆.၅၇၉ သန်းကျော်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မိတ္ထီလာခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။


မိတ္ထီလာခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်များကြောင့် ဒုက္ခကြုံတွေ့နေရသော ပြည်သူများအား လတ်တလောသက်သာချောင်ချိမှု ရရှိစေရေးအတွက် ထောက်ပံ့မှုလုပ်ငန်းတွေ ဆောင်ရွက်သလို သဘာဝဘေးအန္တရာယ်များကြောင့် လူ့အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးမှုလျော့နည်းအောင် ကြိုတင်စီမံဆောင်လျက်ရှိသည်။ ယင်းသို့ ဆောင်ရွက်လျက်ရှိရာမှ ၂၀၂၂ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ မိတ္ထီလာခရိုင်အတွင်း၌ သဘာဝဘေး ၂၄ ကြိမ်ဖြစ်ခဲ့ရာ မီးလောင်မှု ၆ ကြိမ်၊ လေပြင်းတိုက်ခတ်မှု ၁၇ ကြိမ်နှင့် မိုးကြိုပစ်မှု (၁) ကြိမ်တို့ဖြစ်သည်။ ထိုသို့ဖြစ်ပွားခဲ့မှုကြောင့် လူတစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် လူနေအိမ်  ၁၆ လုံး အလုံးစုံပျက်စီးခဲ့ပြီး ၁၈၀ မှာ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့်အတွက်ကြောင့် အိမ်ထောင်စု ၁၉၆ စု လူဦးရေ ၈၃၁ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအတွက် မိတ္ထီလာခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာအတွက် ငွေကျပ် ၁,၇၄၅,၁၀ဝိ/-၊ အိမ်ဆောက်လုပ်ရန် ပစ္စည်းဖိုးအတွက် ငွေကျပ် ၁၂,၈၂၂,၇၅ဝိ/-၊ ထိခိုက်ဒဏ်ရာရရှိမှုအတွက် ငွေကျပ် ၅၀,၀၀ဝိ/- နှင့် သေဆုံးမှုအတွက် ငွေကျပ် ၃၀၀,၀၀ဝိ/- တို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။


၎င်းအပြင် မိတ္ထီလာခရိုင်အတွင်း၌ သောက်သုံးရေလိုအပ်လျက်ရှိသော ကျေးရွာများအတွက် ငွေကျပ် ၁,၈၀၅,၀၀ဝိ/- တန်ဖိုးရှိ သောက်သုံးရေဂါလန် ၁,၇၀၀ ပါ ကားစီးရေ ၄၀ လှူဒါန်းခြင်းနှင့် ရေရရှိရေးလုပ်ငန်းများဖြစ်သည့် ဂါလန် ၂၄၀၀ ဆံ့ ရေစင်တည်ဆောက်ခြင်းလုပ်ငန်း၊ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်းနှင့် နှစ်လက်မပိုက် ၁,၇၀၀ ပေ ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းများအတွက် ငွေကျပ် ၉,၈၅၇,၀၆၆/- ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - သိန်းမြင့်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)