မိုးညှင်းမြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေကျပ်သိန်း (၅၀၀) လွှဲပြောင်းပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညှင်းမြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေကျပ်သိန်း (၅၀၀) လွှဲပြောင်းပေးအပ်




MNP - စက်တင်ဘာ   ၂၈


ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာ (ဆီထွက်သီးနှံ) ရန်ပုံငွေကျပ်သိန်း (၅၀၀) လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီက ဤဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အဆိုပါ လွှဲပြောင်းပေးအပ်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးညီညီလွင်နှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုတို့က အမှာစကားပြောကြားကြပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းက ရန်ပုံငွေ လွှဲပြောင်းပေးအပ်ရခြင်း နှင့်ပတ်သက်ပြီး မြစိမ်းရောင်ကျေးရွာ (ဆီထွက်သီးနှံ) စီမံကိန်းကို ဆီထွက်သီးနှံစိုက်ပျိုးမည့် တောင်သူနှင့် စိုက်ဧကပေါ်မူတည်၍ အမျိုးအစား သုံးမျိုးခွဲထားပါကြောင်း၊ တောင်သူဦးရေ ၅၀ အောက်ကို Type 1 ရန်ပုံငွေကျပ် သိန်း၁၀၀ကိုလည်းကောင်း၊ တောင်သူဦးရေ ၅၁နှင့် ၁၀၀ကြားတွင် Type 2 ရန်ပုံငွေကျပ် သိန်း ၂၀၀ကိုလည်းကောင်း၊ တောင်သူဦးရေ ၁၀၁ နှင့်အထက်ကို Type 3 ရန်ပုံငွေကျပ် သိန်း ၃၀၀ ဖြင့်လည်းကောင်း အသီးသီးခွဲဝေချထားပါကြောင်း ရှင်းလင်း ပြောကြားသည်။


ဆက်လက်၍ မိုးညှင်းမြို့တွင် မြစိမ်းရောင်ကျေးရွာ (ဆီထွက်သီးနှံ) စီမံကိန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ညောင်ကုန်းကျေးရွာအတွက် ရန်ပုံငွေကျပ် သိန်း ၃၀၀၊ နန့်လှိုင်ကျေးရွာနှင့် ထန်းတပင်ကျေးရွာများအတွက် ရန်ပုံငွေကျပ် သိန်း ၁၀၀ စီကို စီမံကိန်းတောင်သူများကိုယ်စား ကျေးရွာကော်မတီဝင်များအား တာဝန်ရှိသူများက အသီးသီး လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။


စီမံကိန်းဆောင်ရွက်မည့် တောင်သူများအား ယူရီးယားဓါတ်မြေဩဇာတစ်အိတ်လျှင် ငွေကျပ် ၄၅၀၀၀ နှုန်းနှင့် နေကြာမျိုးစေ့ သုံပြည်လျှင် ငွေကျပ် ၁၂၀၀၀ နှုန်းဖြင့် ညောင်ကုန်းကျေးရွာမှ တောင်သူ ၇၀ ဦး စိုက်ဧက ၂၈၀အတွက်လည်းကောင်း၊ ထန်းတပင်ကျေးရွာမှ တောင်သူ ၁၉ ဦး စိုက်ဧက ၆၀ အတွက်လည်းကောင်း၊ နန့်လှိုင်ကျေးရွာမှ တောင်သူ ၁၅ ဦး စိုက်ဧက ၁၆၂.၅  ဧကအတွက် လည်းကောင်း မြို့နယ်မြေဩဇာဖြန့်ဖြူးရောင်းချရေးကော်မတီမှ ရောင်းချပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းထံမှ သိရသည်။


သတင်း - ဇွဲသူရအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)