စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ကုန်သည်များ၊ စက်မှုလုပ် ငန်းရှင်များအသင်း၊ စက်မှုဇုန်များ၊ ကုန်စည်ဒိုင်မှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ အခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ကုန်သည်များ၊ စက်မှုလုပ် ငန်းရှင်များအသင်း၊ စက်မှုဇုန်များ၊ ကုန်စည်ဒိုင်မှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ အခမ်းအနား တက်ရောက်





MNP - စက်တင်ဘာ   ၂၃


စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး ကုန်သည်များ၊ စက်မှုလုပ်ငန်း ရှင်များအသင်း၊ စက်မှုဇုန်များ၊ ကုန်စည်ဒိုင်မှလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကုန်သည်လုပ်ရှင်များ၊ စက်မှုလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဦးမြတ်ကျော်က တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း၊ စက်မှုဇုန်များ၊ ကုန်စည်ဒိုင်မှ လုပ်ငန်းရှင်များ၏ တွေ့ကြုံနေရသော အခက်အခဲများနှင့် လိုအပ်မှုများကို မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်သည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရင်ဆိုင်တွေ့ကြုံနေသည့် ကိစ္စရပ်များကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးတင်ပြပေးသွားကြရန် ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များ စိတ်အေးချမ်းသာစွာ လုပ်ငန်းများဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာတိုင်း အဆင့်ဌာနဆိုင်ရာများ အနေဖြင့်လည်း လုပ်ငန်းရှင်များ၏လိုအပ်ချက်များကို အဖြေရှာ၍ ကူညီဆောင်ရွက် ပေးသွားကြရန် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် စိုက်ပျိုးရေးကို အခြေခံသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး စုစုပေါင်းမြေဧက ၂၃၁ သိန်းကျော်ရှိသည့်အနက် အသားတင်စိုက်ပျိုးမြေ ၄၅.၆ သိန်းဧက ကျော်စိုက်ပျိုးပြီး သီးထပ်၊ သီးညှပ် ဧကသိန်း ၉၀ ခန့် စိုက်ပျိုးလျက်ရှိပါကြောင်း၊ သီးနှံပေါင်းစုံ စိုက်ဧကများပြားသည်နှင့်အညီ တောင်သူများ လိုအပ်သည့်သီးနှံအလိုက် မျိုးကောင်း၊မျိုးသန့်မျိုးစေ့များ အလုံအလောက် သုံးစွဲစိုက်ပျိုးနိုင်ရန်အတွက် တိုင်းဒေသကြီးအတွင်း သီးနှံအလိုက် မျိုးစေ့ထုတ်စိုက်ခင်းများဆောင်ရွက်ပြီး အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ဖြန့်ဖြူးကြရန်နှင့် တောင်သူများလိုအပ်သည့် စိုက်ပျိုးရေး ဆိုင်ရာ နည်းပညာများ၊ သွင်းအားစုများ၊ အလွယ်တကူရရှိသုံးစွဲနိုင်ရေး၊ ရာသီချိန်ခါမီ စိုက်ပျိုးနိုင်ရေးတို့အတွက် ဆက်စပ်ဌာနများက ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် အနေဖြင့်လည်း တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်ခြင်းတို့ကို စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ စစ်ကိုင်တိုင်းဒေသကြီးအတွင်း ပုဂ္ဂလိကစက်မှုမှတ်ပုံတင် လုပ်ငန်းငန်းများသည်များ သောအားဖြင့် (Micro Small and Medium Enterprises) MSME လုပ်ငန်းများဖြစ်သောကြောင့် ၎င်း (Micro Small and Medium Enterprises) MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ နည်းပညာများရရှိရေး၊ ရင်းနှီးမြုပ်နှံမှုများရရှိရေးနှင့် ချေးငွေဆိုင်ရာမူဝါဒများ ပြောင်းလဲသက်မှတ်ရေးများကို အစိုးရအဆက်ဆက် ဆောင်ရွက်ခဲ့သလို မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူစဉ်ကာလမှာလည်း လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ အကျိုးအမြတ်ရရှိစေမည့် လက်ရှိလုပ်ငန်း ဆောင်ရွက်နေမှုများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ကုန်သည်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များ၊ ကုန်စည်ဒိုင်၊ စက်မှုဇုန်များနှင့် စီးပွားရေးအသင်းအဖွဲ့များအနေဖြင့် လုပ်ငန်းဆိုင်ရာလိုအပ်ချက်နှင့် ကူညီဆောင်ရွက်ပေးရန် လိုအပ်မှုများကို ရင်းနှီးပွင့်လင်းစွာ တင်ပြကြစေလိုပြီး မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့မှလည်း တက်စွမ်းသမျှ ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီး ကုန်သည်များ၊ စက်မှုလုပ်ငန်းရှင်များအသင်း၊ စက်မှုဇုန်များ၊ ကုန်စည်ဒိုင်မှလုပ်ငန်းရှင်များက မိမိတို့ဆောင်ရွက်နေသော လုပ်ငန်းအခြေအနေများ၊ ထုတ်လုပ်တင်ပို့ရောင်းချနေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်း တင်ပြကြပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနများအလိုက် လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး တင်ပြကြသည်။


ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ကုန်ပစ္စည်းများ ထုတ်လုပ်တင်ပို့ရောင်းချနေမှု လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက် အကြံပြု ဆွေးနွေးတင်ပြကြသည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တွေ့ဆုံပွဲသို့ တက်ရောက် လာသူများ၏ အသီးသီး ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး တွေ့ဆုံပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။              


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)