ပုဏ္ဏားကျွန်းမြို့၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ




MNP - စက်တင်ဘာ  ၂၄


ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အထက(ခွဲ)မြို့မ-ပုဏ္ဏားကျွန်း၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့၊ နေ့လယ်(၁၂)နာရီက ပုဏ္ဏားကျွန်းမြို့နယ်ခန်းတွင် ကျင်းပပြလုပ်ခဲ့သည်။


ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ ပုဏ္ဏားကျွန်းမြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္က ဦးလှရွှေက အဖွင့်အမှာစကားပြောကြားပြီး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်နုက ပညာရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် အထက(ခွဲ)မြို့မ-ပုဏ္ဏားကျွန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ကျော့နိုင်က ဂုဏ်ပြုဆုပေးအပ်ပွဲအခမ်းအနားပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ အထက(ခွဲ)မြို့မကျောင်းမှ ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများ မွေးထုတ်ပေးသော ဆရာ၊ ဆရာမတို့အား မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္က ဦးလှရွှေနှင့်အဖွဲ့ဝင်တို့က ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ဆက်လက်၍ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ၄ ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ ၃ ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ ၂ ဘာသာဂုဏ်ထူးရှင်(၉)ဦးနှင့် ၁ ဘာသာဂုဏ်ထူးရှင်(၁၇)ဦးတို့ကို တာဝန်ရှိသူတို့က ဂုဏ်ပြုဆုတံဆိပ်များအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြပြီး၊ ကျောင်းသား၊ ကျောင်းသူတို့က တေးသရုပ်ဖော်အကယိမ်းများဖြင့် ဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။  


သတင်း - နီထွန်းအောင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)