MNP ၊ စက်တင်ဘာ ၂၄
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ တောင်ရင်းရပ်ကွက်ရှိ ကျောက်ဖြူဘိုးဘွားရိပ်သာတွင် ယနေ့ နံနက်(၇)နာရီအချိန်ကစတင်ကာ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။
အဆိုပါ စုပေါင်းသန့်ရှင်းကို ကျောက်ဖြူခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ခရိုင်/မြို့နယ်ရှိဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့များ၊ နယ်မြေခံတပ်ရင်း တပ်ဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များက ကျောက်ဖြူဘိုးဘွားရိပ်သာ ခြံဝင်းအတွင်း၊ အပြင်ရှိ သတ်မှတ်နေရာများတွင် အဖွဲ့များခွဲ၍ အမှိုက်များနှင့် ခြုံနွယ်ပေါင်းပင်များ ခုတ်ထွင်ရှင်းလင်းကာ သန့်ရှင်းရေး ပြုလုပ်ပေးခြင်း အမှိုက်များအား သတ်မှတ်နေရာများသို့ အမှိုက်သိမ်းယာဉ်များဖြင့် စွန့်ပစ်ခြင်း တို့ကို ဆောင်ရွက်ခဲ့သည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ကျောက်ဖြူတပ်နယ်မှ ဗျူဟာမှူး၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ အဆိုပါ ပြည်သူ အကျိုးပြုလုပ်ငန်းများအား အပတ်စဉ် စနေနေ့တိုင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost



No comments:
Post a Comment