MNP - စက်တင်ဘာ ၁၇
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် ဈေးတောင်ရပ်ကွက်ရှိ ဒေသကွပ်ကဲရေးရုံး၊ ရုံးတက်လမ်းလမ်းဘေးဝဲယာ၌သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါစုပေါင်းသန့်ရေးကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဦးဆောင်၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ပြည်သူများ ပူးပေါင်းပါဝင်၍ သန့်ရှင်းသာယာလှပရေးအတွက် မြစ်ပင်များ၊ သစ်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းကို စုပေါင်းဆောင်ရွက်ကြကြောင်းသိရှိရသည်။
သတင်း - စိုးမင်းထွန်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment