အင်္ဂပူမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး(၅)ကြောင်း ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်္ဂပူမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး(၅)ကြောင်း ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေး

 



MNP - စက်တင်ဘာ  ၁၇


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး နှင့်ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယမန်နေ့ နေ့လည်ပိုင်းက စေတီခုံအုပ်စု၊‌ ကျောက်ကြီးမြောင် ဘုန်းကြီး‌ကျောင်းတွင် ဒေသခံပြည်သူများဖြင့်တွေ့ဆုံ၍ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆွေးနွေးခဲ့ကြောင်း သိရသည်။


ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပြည်သူများနှင့်တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)ဗိုလ်မှူး ကျော်လှိုင်က နယ်မြေလုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများမှ လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ(၇)ဆောင်ရွက်ပေးနေမှုများ၊ ကျေးရွာရေရှိရေး ၊မီးလင်းရေးလုပ်ငန်းများ၊‌ မြစိမ်းရောင်စီမံ ကိန်းလုပ်ငန်းများ၊ လူထုဗဟိုပြု စီမံကိန်းလုပ်ငန်းများ၊ စာဖတ်ခြင်းဖြင့် အသိပညာတိုးပွားစေရေး၊ မီးဘေးအန္တရယ် ကြိုတင်ကာကွယ်ရေးစသည်တို့ဖြင့် ကဏ္ဍအလိုက် ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် တက်ရောက်လာသူများမှ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များကို တင်ပြရာ သက်ဆိုင်ရာဌာနများပ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းအား အဖွဲ့(၂)ဖွဲ့ခွဲ၍ တစ်ပတ်လျှင်(၁)ကြိမ်၊ အင်္ဂပူမြို့နယ် အတွင်းမှ ကျေးရွာ အုပ်စု(၁၄)ခုတို့တွင် ဆောင်ရွက်သွားမည်ကြောင်း သိရသည်။


သတင်း - မန်းကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)