တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပံ့ပိုးကူညီတည်ဆောက်ပေးသည့် ကွမ်းလုံတံတားသစ် အရန်တံတားစီမံကိန်း လွှဲပြောင်းလက်ခံရေးအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပံ့ပိုးကူညီတည်ဆောက်ပေးသည့် ကွမ်းလုံတံတားသစ် အရန်တံတားစီမံကိန်း လွှဲပြောင်းလက်ခံရေးအခမ်းအနား ကျင်းပ




MNP ၊ စက်တင်ဘာ ၂၆

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပံ့ပိုးကူညီတည်ဆောက်ပေးသည့် ကွမ်းလုံတံတားသစ် အရန်တံတားစီမံကိန်း လွှဲပြောင်းလက်ခံရေးအခမ်းအနားကို စက်တင်ဘာလ ၇ ရက်နေ့တွင် Video Conferencing ဖြင့် ကျင်းပခဲ့ကြောင်း လွှဲပြောင်းလက်ခံရေးအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး စီးပွားရေးသံမှူး Mr. Tan Shufu တက်ရောက်၍ အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ ယူနန်ပြည်နယ် လင်ချန်းမြို့ပါတီကော်မတီ အတွင်းရေးမှူး Mr. Zhang Zhizheng တို့ တက်ရောက် အမှာစကား ပြောကြားခဲ့ကြကြောင်း သိရသည်။

 မြန်မာနိုင်ငံ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လင်ချန်းမြို့ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ အခမ်းအနားသို့ တက်ရောက်ကြခဲ့ကြပြီး Mr. Tan Shufu က မြန်မာနိုင်ငံကို ပံ့ပိုးကူညီတည်ဆောက်ပေးသည့် ကွမ်းလုံတံတားစီမံကိန်းသည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလက သမ္မတကြီး Mr. Xi Jinping မြန်မာနိုင်ငံကို ခရီးစဉ်လာရောက်စဉ်အတွင်း တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက်အကြား ထားရှိခဲ့သည့် အရေးကြီးပူးပေါင်းဆောင်ရွက်မှုရလဒ်များထဲမှ တစ်ခု ဖြစ်ပြီး တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ထင်ဟပ်နေသော စီမံကိန်းဖြစ်ကြောင်း၊ တရုတ်-မြန်မာနှစ်ဦးနှစ်ဖက်၏ အတူတကွကြိုးပမ်းမှုအောက်တွင် မြန်မာနိုင်ငံကို ပံ့ပိုးကူညီတည်ဆောက်ပေးသည့် ကွမ်းလုံတံတားသစ် အရန်တံတား၏ အခန်းကဏ္ဍကို အပြည့်အဝဖော်ထုတ်နိုင်ပြီး မြန်မာနိုင်ငံကို ပံ့ပိုးကူညီတည်ဆောက်ပေးသည့် ကွမ်းလုံတံတားစီမံကိန်းကို အဆင်ပြေချောမွေ့စွာ တွန်းအားပေးဆောင်ရွက်နိုင်ရန်၊ မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် နယ်စပ်ဒေသ၏ လမ်းပန်းဆက်သွယ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးအခြေအနေများ များစွာကောင်းမွန်တိုးတက်လာစေရန် ဆောင်ရွက်လာနိုင်ကာ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး အရည်အသွေးမြှင့်တင်နိုင်ရန် အားဖြည့်ပေးပြီး တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ဦးဝင်းဖေက တရုတ်နိုင်ငံမှ ပံ့ပိုးကူညီတည်ဆောက်ပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ ကွမ်းလုံတံတားသစ် အရန်တံတားကို နှစ်နိုင်ငံ သက်ဆိုင်ရာဌာနများမှ စစ်ဆေးလက်ခံမှု ပြီးစီးပြီဖြစ်ကြောင်း၊ ကွမ်းလုံတံတားသစ် တည်ဆောက်ရေးစီမံကိန်း မပြီးစီးမီ တည်ဆောက်ရေးနေရာတွင် အရန်တံတားကို အသုံးပြုနိုင်ခြင်းဖြင့် သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများ ဘေးကင်းလုံခြုံရေး၊ ကုန်စည်စီးဆင်းမှုများ လွယ်ကူလျင်မြန်စေရေးနှင့် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသ၏ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Mr. Zhang Zhizheng က တရုတ်-မြန်မာနှစ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များက တရုတ်-မြန်မာလမ်းကြောင်းသစ် အပြန်အလှန် ကွန်တိန်နာဖြင့် ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို အတူတကွဆောင်ရွက်လျက်ရှိကြောင်း၊ အရန်တံတားကို ဆောလျင်စွာ အသုံးပြုနိုင်ပါက လမ်းကြောင်း၏ သယ်ယူပို့ဆောင်မှု ဘေးကင်းလုံခြုံရေးနှင့် အဆင်ပြေချောမွေ့စေရေးကို ထိရောက်စွာ အာမခံချက်ပေးနိုင်ပြီး နှစ်ဦးနှစ်ဖက်အကြား စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ချစ်ကြည်ရင်းနှီးမှုဆက်ဆံရေး ပိုမိုမြှင့်တင်နိုင်ရေးအတွက် များစွာအရေးပါလှကြောင်း ပြောကြားပါသည်။

အခမ်းအနားတွင် ကွမ်းလုံတံတားသစ် အရန်တံတား စစ်ဆေးလက်ခံရေးကော်မတီဝင်များမှ စီမံကိန်းပြီးစီးမှုနှင့်ပတ်သက်၍ ပူးတွဲစစ်ဆေးမှုဆိုင်ရာမှတ်တမ်းကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)