ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး Jeju ASEAN Hall ဖွင့်ပွဲအခမ်းအနားနှင့် (၅၅)နှစ်မြောက် အာဆီယံနေ့အထိမ်းအမှတ် ချစ်ကြည်ရေးသစ်ပင် စိုက်ပျိုးခြင်းအခမ်းအနားများသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး Jeju ASEAN Hall ဖွင့်ပွဲအခမ်းအနားနှင့် (၅၅)နှစ်မြောက် အာဆီယံနေ့အထိမ်းအမှတ် ချစ်ကြည်ရေးသစ်ပင် စိုက်ပျိုးခြင်းအခမ်းအနားများသို့ တက်ရောက်








MNP ၊ စက်တင်ဘာ ၁၆

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် ယမန်နေ့က ကိုရီးယားသမ္မတနိုင်ငံ၊ ဂျေဂျူးကျွန်းရှိ International Convention Center တွင်ပြုလုပ်သည့် Jeju ASEAN Hall ဖွင့်ပွဲအခမ်းအနားသို့ အခြားအာဆီယံနိုင်ငံများမှ သံအမတ်ကြီးများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

 အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Park Jin၊ ဂျေဂျူးကျွန်း ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Oh Young-hun နှင့် ASEAN-Korea Centre (AKC) အတွင်းရေးမှူးချုပ် Mr. Kim Hae-Yong နှင့် အခြားဖိတ်ကြားထားသူများတက်ရောက်ခဲ့ပါသည်။ 

ယင်းအခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ အမြဲတမ်းဖွင့်လှစ်ပြသသွားနိုင်မည့် Jeju ASEAN Hall ကို International Conference Center တွင်ဖွင့်လှစ်နိုင်ခဲ့ခြင်းမှာ ကိုရီးယားနိုင်ငံအစိုးရအနေဖြင့် အာဆီယံနိုင်ငံများကို မည်မျှအထိအလေးထားကြောင်းဖော်ပြနေပြီး၊ ပြခန်း၏ ဆောင်ပုဒ်ကို “Weaving Values Together” ဟု သတ်မှတ်ပေးထားကာ အာဆီယံနှင့် ကိုရီးယားပြည်သူများအကြား ဆက်သွယ်ရေးနှင့် ချစ်ကြည်ရင်းနှီးမှုများကို ပေါင်းကူးပေးနိုင်ရေးအတွက် စင်္ကြန်တစ်ခုအဖြစ်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်းစသည်ဖြင့် ထည့်သွင်းပြောကြားသွားသည်။ 

အာဆီယံကော်မတီ၊ ဆိုးလ် (ACS) အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားသံအမတ်ကြီးက  အာဆီယံသံရုံးများကိုယ်စား ပြောကြားရာတွင် ယင်း Jeju ASEAN Hall ပေါ်ပေါက်လာရေးအတွက် ကိုရီးယားနိုင်ငံအစိုးရ၊ ဂျေဂျူးအာဏာပိုင်များနှင့် အာဆီယံသံရုံးများ၏ စုပေါင်းကြိုးပမ်းမှုကြောင့် တစ်နှစ်ကျော်အကြာမှာ ယခုကဲ့သို့ ASEAN Permanent Hall တစ်ခု ဂျေဂျူးကျွန်းတွင် ပေါ်ပေါက်လာခြင်းဖြစ်သည့်အတွက် အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊  အာဆီယံသံရုံးများနှင့် AKC တို့မှ ပံ့ပိုးပေးသည့် အာဆီယံနိုင်ငံများမှ လက်မှုအနုပညာပစ္စည်းများကို အပိုင်း (၄)ပိုင်းခွဲပြီး အသိပညာပေးပြသထားသည့်ပြခန်းတစ်ခုဖြစ်ကာ ဂျေဂျူးကျွန်းသို့ လာရောက်လည်ပတ်ကြမည့် ပြည်တွင်း၊ ပြည်ပခရီးသည်များအား အာဆီယံနိုင်ငံများ၏ယဉ်ကျေးမှုကို ပိုမိုသိကျွမ်း ရင်းနှီးမှုပေးနိုင်မည်ဖြစ်ကြောင်း စသည်ဖြင့်ထည့်သွင်းပြောကြားသွားသည်။


ယင်းနောက် မြန်မာသံအမတ်ကြီးသည် (၅၅)နှစ်မြောက်အာဆီယံနေ့ အထိမ်းအမှတ်ကို ဂုဏ်ပြုသည့်အနေဖြင့် International Convention Center ရှေ့ရှိ ကွက်လပ်မြေနေရာတွင် ချစ်ကြည်ရေးသစ်ပင်စိုက်ပျိုးခြင်းအခမ်းအနားကို ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးနှင့်အတူ တက်ရောက်စိုက်ပျိုးပေးခဲ့ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)