ပြည်ပြေး ဝရမ်းပြေး မင်းကိုနိုင်၏ လုပ်ကြံဖန်တီး လှုံ့ဆော်မှုအပေါ် ဦးကျော်ဇေယျ ပညာသားပါပါ တုန့်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပြေး ဝရမ်းပြေး မင်းကိုနိုင်၏ လုပ်ကြံဖန်တီး လှုံ့ဆော်မှုအပေါ် ဦးကျော်ဇေယျ ပညာသားပါပါ တုန့်ပြန်


MNP ၊ စက်တင်ဘာ ၁၆

မြန်မာနိုင်ငံအတွင်း ဆူပူအကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုများ ဖြစ်ပေါ်စေရန် အဓိက ဦးဆောင်လှုံ့ဆော်ခဲ့သူ မင်းကိုနိုင် က လုပ်ကြံဖန်တီး၍ ရေးသားလှုံ့ဆော်ထားမှုနှင့် ပတ်သက်၍ NLD လွှတ်တော်အမတ်ဟောင်း ဦးကျော်ဇေယျက ပညာသားပါပါ တုန့်ပြန်ထားသည်ကို တွေ့ရသည်။

အမေရိကန်နိုင်ငံတွင် ပြေးပုန်းခိုလှုံနေသော ဝရမ်းပြေး မင်းကိုနိုင်က "ပြေးစရာ မြေမရှိတော့ရင် ကမ်းကုန်အောင် ယုတ်မာကြလိမ့်မယ်။ ပြည်သူတွေ သတိရှိပါ။ - မင်းကိုနိုင်" ဟု ရေးသားလှုံ့ဆော်ထားသည်ကို ဦးကျော်ဇေယျက "တွေးစရာ ခေါင်း(ဦးခေါင်း) မရှိရှာတော့၍ ကမ်းကုန်အောင် ယုတ်မာနေကြပြီ ပြည်သူတွေ သတိရှိပါ။ -ကျော်ဇေယျ "ဟု တုန့်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

မင်းကိုနိုင် အပါအဝင် ပြည်ပြေး ကိုယ်ကျိုးရှာနိုင်ငံရေးသမား၏ လုပ်ကြံဖန်တီး လှုံ့ဆော်မှုများကြောင့် ၎င်းတို့ကို ထောက်ခံသည့် ပြည်တွင်းရှိ လူငယ်များမှာ အကြမ်းဖက်သမားများအဖြစ်ဖြင့် ဆူပူအကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုများကို ကျူးလွန်ခဲ့ကြပြီး သံဃာတော် ၄၅ ပါးအပါအဝင် အပြစ်မဲ့ ပြည်သူပေါင်း ၃၆၀၀ ကို သတ်ဖြတ်ခဲ့သည် အထိ ကမ်းကုန်အောင် ရက်စက်ယုတ်မာခဲ့ကြသည်ကို ဦးကျော်ဇေယျ က ပြည်သူအများ သတိပြုမိစေရန် ရည်ညွှန်းပြောဆိုထားသည်ကို တွေ့ရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)