ဒေးဒရဲမြို့၌ အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံကြေး ပေးအပ်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေးဒရဲမြို့၌ အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံကြေး ပေးအပ်ပွဲ အခမ်းအနားကျင်းပ



MNP - စက်တင်ဘာ   ၁၆


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံကြေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ (၁)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က အမှာစကား ပြောကြားရာ အသက်(၈၅)နှစ်နှင့်အထက်ရှိ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေကြေးများကို ကျေးရွာများရှိ အကျိုးခံစားခွင့်ရှိသူ ဘိုးဘွားများထံ ထောက်ပံ့ပေးနိုင်ရေး ကျေးရွာအုပ်ချုပ်ရေးမှူးများသို့ ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ရခြင်း ဖြစ်ပြီး အဆိုပါလူမှုရေးပင်စင်ထောက်ပံ့ခြင်းကို ၂၀၁၇ ခုနှစ်၊ ဧပြီလမှစတင်၍ အသက်(၉၀)နှစ် အထက် ဘိုးဘွားများအား တစ်လလျှင် (၁၀၀၀၀)နှုန်းဖြင့် သုံးလလျှင် တစ်ကြိမ် ဘိုးဘွား တစ်ဦးကို(၃၀,၀၀၀)ကျပ်နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ရာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှစ၍ အသက်(၈၅)နှစ်အထိ လျော့ချ၍ ဘိုးဘွားများအား ထောက်ပံ့ပေးအပ်ခဲ့ရာ ယနေ့အချိန်ထိ ဖြစ်ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ပထမသုံးလပတ်(ဧပြီ၊ မေ၊ ဇွန်)လများအတွက် အဘိုး၊အဘွား စုစုပေါင်း(၇၅၂)ဦးအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီးဖြစ်ရာ မိမိတို့ရပ်ရွာ အတွင်းရှိ အသက်ပြည့်ပြီးသည့် အကျိုးခံစားခွင့်ရှိသူ ဘိုး၊ဘွားများ မကျန်ရှိစေရေး ဆောင်ရွက် ပေးကြရန်နှင့် ယခုထောက်ပံ့ငွေများကို ဘိုးဘွားများ လက်ဝယ်အရောက် အမြန်ဆုံး ထောက်ပံ့ပေးကြရန် ဆွေးနွေးမှာကြားခဲ့ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နီနီမြင့်က လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ရခြင်း ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် တာဝန်ရှိသူများက ထောက်ပံ့ ငွေများကို ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။


ဒေးဒရဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း သုံးလပတ် (ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ) လများအတွက် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသူ အဘိုး(၂၉၉)ဦး၊ အဘွား (၅၀၄)ဦး၊ စုစုပေါင်(၈၀၃)ဦး အတွက်  ငွေကျပ် (၂,၄၀၉၀,၀၀၀)သိန်းကို ထောက်ပံပေးအပ် သွားမည် ဖြစ်ကြောင်း သိရသည်။


သတင်း - အေဇာလင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)