(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးမှ ဂုဏ်ပြုယာဉ်များ အောင်မြင်စွာပြသနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးမှ ဂုဏ်ပြုယာဉ်များ အောင်မြင်စွာပြသနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်တက်ရောက်




MNP ၊ စက်တင်ဘာ ၁၄

၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့်  (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးမှ ဂုဏ်ပြုယာဉ်များ အောင်မြင်စွာ ပြသနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်ခဲ့ကြောင်း သိရသည်။ 


ရှေးဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် မိမိတို့တိုင်းဒေသကြီးအနေဖြင့် ဂုဏ်ပြုယာဉ်(၃)စီးဖြင့် ပြသသွားမည်ဖြစ်ပြီး  စိန်ရတုပြည်ထောင်စုနေ့တွင်လည်း မိမိတို့တိုင်းဒေသကြီး အနေဖြင့် ပထမဆု ဆွတ်ခူးနိုင်ခဲ့ပြီး ယခုစိန်ရတုလွတ်လပ်ရေးနေ့တွင်လည်း ဆုများ ဆက်လက်ဆွတ်ခူး နိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လိုအပ်ပကြောင်း၊ ဂုဏ်ပြုယာဉ်များ ပြသရာတွင် လွတ်လပ်ရေးနေ့ အဓိပ္ပါယ်အား ပြည်သူများ သိရှိနိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် ဂုဏ်ပြုယာဉ်များအား ဆောင်ရွက်ရာတွင် မိမိတို့ဌာနဆိုင်ရာ တာဝန်ရှိသူများသာမက ပြင်ပမှတတ်သိပညာရှင်များအား ဖိတ်ခေါ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းက (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဂုဏ်ပြုယာဉ်များ ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်သွားမည့် အခြေအနေများ၊ ပြသမည့် အလှပြယာဉ်အလိုက် ဆောင်ရွက်မည့် လုပ်ငန်းလိုအပ်ချက်များအား ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။


ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဂုဏ်ပြုယာဉ်များ အောင်မြင်စွာ ပါဝင်ပြသနိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။


ကိုစည်သူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)