ကချင်ပြည်နယ်ဝန်ကြီးချုပ် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း (PPTT) ၈/၂၀၂၂ သင်တန်းဖွင့်ပွဲသို့ သင်တန်းသားများအား သွားရောက်တွေ့ဆုံအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း (PPTT) ၈/၂၀၂၂ သင်တန်းဖွင့်ပွဲသို့ သင်တန်းသားများအား သွားရောက်တွေ့ဆုံအားပေး




MNP ၊ စက်တင်ဘာ ၁၄

ကချင်ပြည်နယ် မြစ်ကြီးနား ပညာရေးဒီဂရီကောလိပ်အနေဖြင့် ဆရာအတတ်ပညာ ရရှိရေးအတွက် ဒေသခံများအား လေ့ကျင့်ပြုစုပျိုးထောင်ခြင်းကို နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း (PPTT) ၈/၂၀၂၂ သင်တန်းသားများအား ကြိုဆိုခြင်းနှင့်အတူ သင်တန်းဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၁၄ ရက် နံနက် ၉ နာရီက ကောလိပ်အတွင်းရှိ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြစ်ကြီးနားပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမ ဒေါ်ဥမ္မာမြင့်က ကောလိပ်မှဆရာများ လေ့ကျင့်ပျိုးထောင်မွေးထုတ်ပေးနေမှု အခြေအနေများနှင့် သင်တန်းသားများအား ကြိုဆိုနှုတ်ဆက်စကား ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က သင်တန်းသား/ သင်တန်းသူများအား ယခုလို ဆရာ/ ဆရာမများကို မွေးထုတ်ပေးခြင်းသည် မွန်မြတ်သော လုပ်ငန်းတစ်ခုဖြစ်သလို အနာဂတ်အတွက် အင်မတန်တန်ဖိုးကြီးမားသည့် လုပ်ငန်းတစ်ရပ် အကောင်အထည်ဖော် နေခြင်းဖြစ်ပါကြောင်း၊ မှန်ကန်သော လူမှုအဖွဲ့အစည်းသည် အမြဲသင်ယူနေသော လူမှုအဖွဲ့အစည်းဖြစ်သည့်အတွက် စဉ်ဆက်မပြတ်သင်ယူမှုကို စိတ်ဝင်စားသော ကလေးငယ်များ လေ့ကျင့်မွေးထုတ်ပေးရမည်ဖြစ်ပါကြောင်း၊ ပညာရေး၏ အဓိက တာဝန်တစ်ရပ်ဖြစ်သည့် ကိုယ်ချင်းစာတရား၊ အပြုသဘောဆောင် ဆက်ဆံတတ်သည့် လူသားအရင်းအမြစ်များ ပေါ်ထွန်းလာရေးနှင့် အနာဂတ် နိုင်ငံ့သားကောင်းများ ပေါ်ထွန်းလာအောင် ပြုစုပျိုးထောင် လေ့ကျင်သင်ကြားပေးရမှာ ဖြစ်ပါကြောင်း တိုက်တွန်းမှာ ကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများက ၁.၉.၂၀၂၂ ရက်နေ့မှ ၃၁.၁၀.၂၀၂၂ ရက်နေ့ (၂)လကြာ လုပ်ငန်းခွင်အကြို ဖွင့်လှစ်သင်ကြားသွားမည့် မူလတန်းပြဆရာ၊ ဆရာမ (၂၇၈) ဦးတို့အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)