စုကလိမြို့တွင် ဒေသအခေါ် တောင်ယာစပါး ဘူးနက်ကြားမျိုးများ စိုက်ပျိုးဖြစ်ထွန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

စုကလိမြို့တွင် ဒေသအခေါ် တောင်ယာစပါး ဘူးနက်ကြားမျိုးများ စိုက်ပျိုးဖြစ်ထွန်း



MNP - စက်တင်ဘာ   ၁


ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် ဒေသအခေါ် တောင်ယာစပါးဘူးနက်ကြားမျိုးများ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။


စုကလိမြို့တွင် ဒေသတွင်းစိုက်ပျိုးရေးအခြေခံတစ်ခုဖြစ်သည့် ဆန်စပါးဖူလုံမှုရရှိစေရေး ရည်ရွယ်ချက်များဖြင့် စုကလိမြို့နှင့် ကျေးရွာများတွင် ဒေသအခေါ်တောင်ယာစပါးဘူးနက်ကြားမျိုးများ စိုက်ပျိုးထားရှိပြီးဖြစ်သည်။ တစ်ဧကအထွက်နှုန်း တင်း၆၀မှ ၈၀ထိ ရရှိနိုင်ရန်နှင့် လိုအပ်သည့် နည်းပညာနှင့် ဓာတ်မြေသြဇာများအား ထောက်ပံ့ပေးလျက်ရှိပြီး ဒေသတွင်းဆန်စပါးဖူလုံမှု ရရှိ နိုင်ပြီးဖြစ်သည်။


စုကလိမြို့စိုက်ပျိုးရေးဌာနအနေဖြင့် မျိုးကောင်းမျိုးသန့်များအား ပိုမိုတိုးချဲ့ စိုက်ပျိုးလာနိုင်စေရေးနှင့် ဆင်းသုခ၊ ဆင်းသွယ်လတ် စပါးမျိုးများပါ စိုက်ပျိုးလာနိုင်ကြစေရန်နှင့်လိုအပ်သည့်နည်းပညာများ မျိုးစေ့များ သရုပ်ပြစံကွက် စိုက်ပျိုးခြင်းများအား ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း စုကလိမြို့ စိုက်ပျိုးရေးဦးစီးဌာနတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


သတင်း - ပိုပိုအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)