MNP - စက်တင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်တရားရုံးဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက် ရုံးလမ်း မြို့နယ်တရားရုံးဝန်းတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြန်အောင်ခရိုင်တရားရုံး ဆိုင်းဘုတ်အား ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းမြင့်၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်ထွေးထွေးနှင့် မြန်အောင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးလှိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ရုံးဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။
မြန်အောင်ခရိုင်တရားရုံးအနေဖြင့် မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်၊ အင်္ဂပူမြို့နယ်တို့တွင် ဖြစ်ပွားသော ရာဇဝတ်မှုများနှင့် တရားမမှုများကို စစ်ဆေးစီရင်သွားမည်ဖြစ်ပြီး စက်တင်ဘာ ၁ ရက်နေ့မှ စ၍ တရားစီရင်ရင်ရေးလုပ်ငန်းများ ဆောင်ရွက်ရွက်သွားမည် ဖြစ်ကြောင်း မြန်အောင်ခရိုင် တရားသူကြီး ဦးဝင်းထွဋ်အောင်ထံမှ သိရသည်။
အဆိုပါ မြန်အောင်ခရိုင်တရားရုံး ဖွင့်ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူး၊ မြန်အောင်ခရိုင် အုပ်ချုပ်ရေးမှူး၊ မြန်အောင်ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီး အကဲများ၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်တို့မှ မြို့နယ်တရားသူကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။
သတင်း - ဝင်းဗိုလ်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment