တောင်ကုတ်မြို့နယ်တွင် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများသို့ပညာပေးဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့နယ်တွင် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများသို့ပညာပေးဆွေးနွေး


MNP ၊ စက်တင်ဘာ ၁

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊တောင်ကုတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မှ မြို့နယ်အတွင်း ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများအား အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျောက်မောင်နှမကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဦးထွန်းသိန်း က ကျေးလက်နေ ပြည်သူများ လူမှုဘဝစီးပွားဘဝမြင့်မားလာစေရန်အတွက် သီးထပ်စိုက်ဧရိယာများအဖြစ် ဆီထွက်သီးနှံဖြစ် သည့်နေကြာစိုက်ပျိုးကြရန်နှင့်နေကြာစိုက်ပျိုးရန်အတွက်နည်းပညာများ ၊ ရေရရှိရေးနည်းလမ်းများကိုဆွေး နွေးပြီးနောက် တောင်သူများမှသိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ ပြန်လည် ဖြေကြားသည်။

တောင်ကုတ်မြို့နယ်တွင် ဆီထွက်သီးနှံနေကြာကို သီးထပ်စိုက်ဧရိယာများအဖြစ် ၂၀၂၁-၂၀၂၂ ခုနှစ်၊ ဆောင်းရာသီတွင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှနည်းပညာပံ့ပိုးမှုဖြင့် ၁၄၄၂ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ် ၂၀၂၂-၂၀၂၃ ခုနှစ်၊ဆောင်း ရာသီ တွင် ၁၅၄၂ ဧက စိုက်ပျိုးရန်လျာထား ထား ကြောင်းလည်းသိရသည်။

အဆိုပါ ဆီထွက်သီးနှံ နေကြာတိုးချဲ့စိုက်ပျိုးရေးဆွေးနွေးပွဲသို့ နေကြာစိုက်ပျိုးတောင်သူများ နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)