MNP ၊ စက်တင်ဘာ ၁၈
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၊ မြို့မ အထက(၁)ကျောင်း၌ ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသေ ာဂုဏ်ထူးရကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြု ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နေ့လယ် ၁၂နာရီက ၊ မြို့မ အထက(၁)ကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပကြသည်။
ရှေ့ဦးစွ ာမြို့နယ်စီမံအုပ်ချုပ်ရေး ကောင်းစီအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်မှ အဖွင့်အမှာစကားပြောကြာရာတွင် ဗလ၅တန်ပြည်စုံရန်လိုအပ်ကြောင်း ဆန္ဒနှင့်ဘဝတထပ်တည်းကျအောင် ကြိုးရမည်ဖြစ်ကြောင်း၊ အဆင့်မြင့်ပညာများ သင်ကြားသောအခါလည်း အစဉ်အလာကောင်းများကို ဆက်လက်ထိမ်းသိမ်းပြီး ကြိုးစားကြရန် လမ်းကြောင်း လမ်းမှန်ရောက်အောင်ကြိုးစားရမည် စသဖြင့်ပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းအကျိုးတော် ဆောင်ဥက္ကဋ္ဌ ဦးမောင်သိန်းရွှေမှဂုတ်ပြုပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အထက(၁)ကျောင်းအုပ်ကြီး ဦးမောင်စံသိန်းမှ ဂုဏ်ပြုပွဲနှင့်ပတ်သက်၍ ဝမ်းမြောက်စကားပြောကြားပြီး ကျောင်းသား/သူများမှ တေးသရုပ်ဖော်အကများဖြင့် ဖြေဖျော်ခဲ့ကြသည်။
ယင်းနောက် ဂုဏ်ထူးရကျောင်းသား/သူများအားဆုများအသီးသီး ပေးအပ်ချီးမြှင့်ပေးခဲ့ကြပြီး မြို့မအထက(၁)
ကျောင်းတွင်၂၀၂၁-၂၀၂၂ပညာသင်နှစ်တွင် ၃ ဘာသာဂုဏ်ထူးရရှိသူ(၉)ဦး၊ ၂ ဘာသာဂုဏ်ထူးရရှိသူ(၆)ဦး၊ ၁ ဘာသာဂုဏ်ထူးရရှိသူ (၃၂) ဦး၊ စုစုပေါင်းဂုဏ်ထူးရရှိသူ(၇၆)ဦးတို့ကို ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်းသိရသည်။
ထွန်းလင်းကျော်
https://t.me/MyanmarNationalPost






No comments:
Post a Comment