မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က လယ်ပြင်ရပ်ကွက်၊ မဟူရာလမ်း BOX Culvert ပြုလုပ်ခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က လယ်ပြင်ရပ်ကွက်၊ မဟူရာလမ်း BOX Culvert ပြုလုပ်ခြင်းဆောင်ရွက်




MNP - စက်တင်ဘာ   ၁၈


မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒေသခံပြည်သူများ သွားလာရေး အဆင်ပြေစေရန်အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ်( ၂.၀၀၀) သန်းဖြင့် မြို့သစ်မြို့လယ်ပြင်ရပ်ကွက်၊ မဟူရာလမ်း BOX Culvert ပြုလုပ်ခြင်း များကို စက်တင်ဘာပထမပက်က စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အဆိုပါလမ်းတံတား (၁၈×၃×၃) ပေရှိBOX Culvert ပြုလုပ်ခြင်းလုပ်ငန်းများ အချိန်မှီပြီးစီးနိုင်ရေးအတွက် မြို့သစ်မြို့စည်ပင်သာယာရေး အဖွဲ့ကအနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိသည်။


လုပ်ငန်းပြီးစီးပါက မြို့သာယာလှပပြီး အများပြည်သူတို့၏လူနေမှုဘဝမြင့်မားလာနိုင်ကာ သွားလာရေး ပိုမိုအဆင်ပြေလာနိုင်မှာဖြစ်ကြောင်း မြို့သစ်မြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှသိရသည်။


သတင်း - သန်းဝင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)