တွန်းဇံမြို့တွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တွန်းဇံမြို့တွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာရောင်းချ



MNP - စက်တင်ဘာ  ၁၈                                                                              


ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ဒေသခံပြည်သူများ နေ့စဉ်လူမှုဘဝစားသောက်‌ရေးတွင် တစိတ်တဒေသ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့်  အခြေခံစားသောက်ကုန်များကို လက်ရှိပေါက်ဈေး၏ ၂၀/% လျော့၍ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရန်  ယနေ့နံနက် ၉ နာရီ အချိန်က  ခေါ်ဝုန်လေးဆန်းရပ်ကွက်ရှိ ချင်းရွှေပြည်ခန်းမရှေ့တွင် ရောင်းချပေးခဲ့သည်။


ထိုသို့ရောင်းချရာတွင် ဒေသခံပြည်သူများ အဆင်ပြေလွယ်ကူစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်း‌အောင်နှင့် အဖွဲ့ဝင်များ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များဖြစ်‌သော ပစ္စည်း(၉)မျိုးကို ရောင်းချပေးခဲ့သည်။


အဆိုပါ အခြေခံစားသောက်ကုန်များ ရောင်းချရာတွင် ဆန်(ဧရာမင်း)တစ်အိတ် ၅၆၀၀၀၊  ပဲဆီတစ်ပိဿာ ၁၂၀၀၀၊ နေကြာဆီ တစ်ပိဿာ ၁၀၄၀၀၊ ကြက်သွန်နီ တစ်ပိဿာ ၂၈၀၀၊ ကြက်သွန်ဖြူ တစ်ပိဿာ ၅၆၀၀၊ ဆားတစ်ထုပ် ၈၀၀၊ သကြားတစ်ပိဿာ ၂၄၀၀၊ ကုလားပဲ တစ်ပိဿာ ၄၈၀၀၊ အာလူး တစ်ပိဿာ ၂၈၀၀၊ မာမီးခေါက်ဆွဲခြောက်တစ်ဖာ ၁၂၀၀၀၊ ကြက်ဥ တစ်လုံး ၂၀၀ ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးရာတွင် အိမ်ထောင်စု (၂၀၀)စုခန့် ရောင်းချပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)