မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု



MNP - စက်တင်ဘာ   ၁၆


စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း၊ မြန်အောင်မြို့နယ်၊ ရွှေပြည်သာရေနံမြေ ရေနံတွင်းသစ်(တွင်းအမှတ်-၆၈)တူးဖော်မည့် မြေနေရာနှင့် တွင်းအမှတ်(၆၇) ရေနံထွက်ရှိနေမှု၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့ နံနက်က မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း၊ မြန်အောင်မြို့နယ်၊ ရွှေပြည်သာ ရေနံမြေတွင် ရေနံတွင်းသစ်(တွင်းအမှတ်-၆၈) တူးဖော်မည့် မြေနေရာနှင့် တွင်းအမှတ် (၆၇)ရေနံထွက်ရှိနေမှုကို မြန်အောင်-ရွှေပြည်သာ ရေနံမြေ အထွေထွေမန်နေဂျာ ဦးညွှန့်နိုင်နှင့်အတူ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြန်အောင်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ ဥက္ကဋ္ဌတို့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။


ဆက်လက်၍ မြန်အောင်မြို့နယ် ရိုက်ကျေးရွာအုပ်စု ရိုက်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) ရိုက်ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြန်အောင်-ရွှေပြည်သာ ရေနံမြေအထွေထွေမန်နေဂျာ ဦးညွှန့်နိုင်၊ မြန်အောင်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ကျော်၊ ခရိုင်ပညာရေးမှူး ဦးတိုးဝင်းနှင့် မြို့နယ်ပညာရေးမှူး ဒေါ်ခင်ထားမြင့်တို့က အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)ရိုက်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား/ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ကျောင်းအဆင့် တိုးမြှင့်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေး ချီးမြှင့်ခဲ့ကြသည်။


ထို့နောက် ရိုက်ကျေးရွာအုပ်စု လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်သော ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက ကျေးရွာအုပ်စုအတွင်း ဒေသလုံခြုံရေး၊ လမ်းတံတား၊ ကျေးလက်ကုန်ထုတ်လမ်း၊ ဆောင်းနေကြာစိုက်ပျိုးရေး၊ သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲရေး၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနအလိုက် ဆွေးနွေးပြောကြား ဆောင်ရွက်ပေးခဲ့ကြပြီး ဒေသခံပြည်သူများအား ကြက်ဥခြောက်လုံး (၁၀၀၀)ကျပ်၊ ဆီနှစ်ဆယ့်ငါးကျပ်သား (၁၀၀၀)ကျပ်ကို သက်သာသော ဈေးဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။


သတင်း - ဝင်းဗိုလ် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)