လှိုင်းဘွဲမြို့ ဇွဲမာန်ဘော်လုံးအားကစားကွင်း၌ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား၊ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်းဘွဲမြို့ ဇွဲမာန်ဘော်လုံးအားကစားကွင်း၌ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား၊ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းနားကျင်းပ




MNP - စက်တင်ဘာ   ၁၆


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊   မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာပေါင်းစုံမိုးရာသီ ဘော်လုံးပြိုင်ပွဲအဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၅) နာရီအချိန်က ဇွဲမာန်ဘောလုံး  အားကစားကွင်း၌ ပြုလုပ်ကျင်းပခဲ့သည်။


မြို့နယ်အုပ်ချုပ်ရေးမှူးဖလား အသက်(၂၁)နှစ်အောက် အမျိုးသားဘော်လုံးပြိုင်ပွဲကို ဩဂုတ်လ (၂၀) ရက်နေ့မှ စက်တင်ဘာလ (၁၅) ရက်နေ့အထိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ ဘောလုံးအသင်း စုစုပေါင်း  (၃၀) သင်းတို့ ပျော်ရွှင်အေးချမ်းစွာ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပထမဆုရရှိခဲ့သည့်  ကော့ဖမွတ်ကျေးရွာ  ဘော်လုံးအသင်းအတွက် တံခွန်စိုက်ဆုဖလားကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းက ပေးအပ်ချီးမြှင့်ခဲ့ပြီး၊    ပထမဆုရအသင်းအတွက် ငွေသားဆုနှင့် ရွှေတံဆိပ်လည်ဆွဲ ဆုကို အခြေချစစ်ဗျူဟာ (လှိုင်းဘွဲ) မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စံထူးကျော်က ပေးအပ်ချီးမြှင့်ခဲ့သည်။


ဆက်လက်၍ ဒုတိယဆုရရှိခဲ့သော ရွှေဂွန်းကျေးရွာဘောလုံးအသင်းအား ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်များ ကွပ်ကဲရေးအဖွဲ့ ၊ အမှတ်(၂)တပ်နယ်မှူး  ဒုတိယဗိုလ်မှူးကြီး စောကြာအင်းက     ငွေတံဆိပ်လည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ပြီး တတိယဆုရရှိခဲ့သော နောင်ဘိုကြီးကျေးရွာ ဘောလုံးအသင်းအား မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးသိန်းထွန်းက ကြေးတံဆိပ် လည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့သည်။


စတုတ္ထဆုရရှိခဲ့သော ဝင်းစိန်ကျေးရွာဘောလုံးအသင်းအား ပိုင်ကျုံမြို့အုပ်ချုပ်ရေးမှူးက ငွေသားဆုကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဘော်လုံးသမားဆု၊ ဂိုးသမားအကောင်းဆုံးဆု၊ ရှေ့တန်းအကောင်းဆုံးဆု၊ အလယ်တန်းအကောင်းဆုံးဆု၊ နောက်တန်းအကောင်းဆုံးဆု ရရှိခဲ့ကြသော ဘောလုံးကစားခဲ့သူများကို မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဆုကလဒ်နှင့်ငွေသားဆုများကို ပေးအပ် ချီးမြှင့်ခဲ့ကြသည်။


အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို မြို့နယ်အဆင့် ကျင်းပပေးရခြင်းမှာ ပြည်နယ်အဆင့်၊ နိုင်ငံတော်အဆင့် ဘောလုံးပြိုင်ပွဲများအတွက် ရွက်ပုံးသီးဘောလုံးအားကစားသမား ကောင်းများ  ရှာဖွေတွေ့ရှိနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းက  အဆိုပါဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား၌ ပြောခဲ့သည်။


သတင်း - လင်းသန့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)