လဟယ်မြို့တွင် ဈေးနှုန်းချိုသာစွာဖြင့်အခြေခံ စားသောက်ကုန်များရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လဟယ်မြို့တွင် ဈေးနှုန်းချိုသာစွာဖြင့်အခြေခံ စားသောက်ကုန်များရောင်းချပေး

 



MNP - စက်တင်ဘာ   ၁၇


စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် တန်ဖိုးသင့်စားသောက်ကုန်များကို ‌ဈေးနှုန်းချိုသာစွာဖြင့် ပြည်သူများအား ရောင်းပေးခြင်း ယနေ့နံနက် (၇)နာရီအချိန်က လဟယ်မြို့၊ ရွှေပြည်သာ အားကစားကွင်း၌ ရောင်းချပေးခဲ့ကြောင်းသိရသည်။


ထိုသို့ တန်ဖိုးသင့် စားသောက်ကုန်များနှင့်အသား/ငါးများရောင်းချပေးရာတွင် လဟယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုများကဦးဆောင်၍ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်နှင့်ကြက်သား၊ ငါးများကိုဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးခဲ့ကြောင်း သိရသည်။


အဆိုပါ တန်ဖိုးသင့်စားသောက်ကုန်များရောင်းချပေးနေမှုကို နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးထွန်းထွန်းဝင်း၊ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးနေမင်းသူနှင့် အဖွဲ့ဝင်များ၊ လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ဝင်းနှင့်အဖွဲ့ဝင်များက လာရောက်ကြည့်ရှု အားပေးခဲ့ကြပါသည်။ ၎င်း တန်ဖိုးသင့်စားသောက်ကုန်များရောင်းချပေးခြင်း အစီအစဉ်ကို လဟယ်မြို့‌နယ် ဒေသခံပြည်သူများ ဈေးနှုန်းချိုသာစွာ ‌ဝယ်ယူစားသုံးနိုင်ရန်ရည်ရွယ်၍ အခြေခံစားသောက်ကုန်များကို အပတ်စဉ်စနေနေ့တိုင်း ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)