စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက်အရ ဆောင်ရွက်ရန် ၁၈၆၇၉၇ ဦးရှိပြီး ၁၇၇၉၉၅ ဦး ဆောင်ရွက်ပြီးဖြစ်၍ ၉၉ ဒသမ ၂၈ ရာနှုန်း ဆောင်ရွက်ပြီးစီး - Myanmar National Post

Myanmar National Post

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက်အရ ဆောင်ရွက်ရန် ၁၈၆၇၉၇ ဦးရှိပြီး ၁၇၇၉၉၅ ဦး ဆောင်ရွက်ပြီးဖြစ်၍ ၉၉ ဒသမ ၂၈ ရာနှုန်း ဆောင်ရွက်ပြီးစီး




MNP - စက်တင်ဘာ   ၁၇


စစ်ကိုင်းတိုင်းဒေသကြီး၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီး၊ ခရိုင်မြို့နယ်ရုံးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က တိုင်းဒေသကြီး  လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့်  မုံရွာခရိုင်နှင့် မြို့နယ်ရုံး လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူး များတက်ရောက်ခဲ့ကြပြီး အခြားသောခရိုင်နှင့် မြို့နယ်ဦးစီးမှူးများက Zoom application ဖြင့်တက်ရောက်ခဲ့ကြသည်။


စစ်ကိုင်းတိုင်းဒေသကြီး လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနရုံးမှ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအေးလှိုင်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက်အရ ဆောင်ရွက်ရန် ၁၈၆၇၉၇  ဦး ရှိပြီး ၁၇၇၉၉၅ ဦး ဆောင်ရွက်ပြီးဖြစ်၍ ၉၉ ဒသမ ၂၈ ရာနှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အရာထမ်း/အမှုထမ်းများ အနေဖြင့် ဒေသအခြေအနေ၊ အခက်အခဲများကြားမှ လုပ်ငန်းများ အောင်မြင်အောင်ကြိုးစားဆောင်ရွက်နိုင်ခဲ့ကြသည့် အရာထမ်း/အမှုထမ်းများအားလုံးကို မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ မကြာမီ ဆက်လက်ပြီးဆောင်ရွက်ကြရမည့် မြေပြင်မဲစာရင်းများ မှန်ကန်စေရေး၊ စာရင်းဇယားများ တိကျမှန်ကန်စေရေးအတွက်ကိုလည်း မိမိအထက်ဌာန အကြီးအကဲများ၏ လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ  ဆောင်ရွက်နိုင်ရေး ယခုအချိန်က စ၍ ကြိုတင်စီစဉ် ပြင်ဆင်ထားကြရန်နှင့် လုပ်ငန်းများ လစ်ဟာမှု မရှိစေရေး စီမံဆောင်ရွက်ထားကြဖို့ လိုအပ်ပါကြောင်း အဖွင့်အမှာစကားပြောကြားသည်။


ထို့နောက် ဒုတိယတိုင်းဒေသကြီးဦးစီးမှူးဦးမြင့်ဘုန်းက  စက်တင်ဘာ ၉ ရက်နေ့က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့နှင့်ပြုလုပ်ခဲ့သည့် အစည်းအဝေးမှ လုပ်ငန်းလမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းဆွေးနွေးပြောကြားပြီး  တိုင်းဒေသကြီးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေ တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။


ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်ဦးစီးမှူး များက မိမိတို့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဦးစီးမှူးနှင့် ဒုတိယတိုင်းဒေကြီး ဦးစီးမှူးတို့က လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဖြည့်စွက်ဆွေးနွေးပြောကြားပြီးနောက် တိုင်းဒေသကြီးဦးစီးမှူးက နိဂုံးချုပ်အမှာစကားပြောကြားကာ  အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြကြောင်း သိရှိရသည်။


 သတင်း - မြင့်နိုင်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)