(၅၈)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးမြို့၊ ဖန်ခါးမြေဘိုးဘွားရိပ်သာတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၅၈)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးမြို့၊ ဖန်ခါးမြေဘိုးဘွားရိပ်သာတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်

 



MNP - စက်တင်ဘာ   ၁၇


(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ကြီးမှူး၍ ယနေ့နံနက်(၇)နာရီအချိန်က မကွေးမြို့၊ ဖန်ခါးမြေဘိုးဘွားရိပ်သာတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလင်းထွဋ်က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။  


ထိုသို့ ကြည့်ရှုအားပေးရာတွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလင်းထွဋ်သည် တာဝန်ရှိသူများနှင့်အတူ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင် များနှင့်မိသားစုဝင်များ၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့်ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ ဖန်ခါးမြေ ဘိုးဘွားရိပ်သာရှေ့ လမ်းဘေး(ဝဲ၊ယာ)တစ်လျှောက်နှင့် ရိပ်သာဝန်းအတွင်းရှိ ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ မြက်ဖြတ်ခြင်း၊ အမှိုက်များအား စနစ်တကျ အမှိုက်ကားများဖြင့် သိမ်းဆည်း ဆောင်ရွက်နေမှုတို့အား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


အဆိုပါ (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးမြို့၊ ဖန်ခါးမြေ ဘိုးဘွား ရိပ်သာတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာတွင် တိုင်းဒေသကြီး၊ ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင် (၁၅၀)ဦး၊ မိသားစုဝင်(၅၀)ဦး စုစုပေါင်းအင်းအား (၂၀၀)ခန့်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သတင်း - ကိုစည်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)