မချမ်းဘော့မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မချမ်းဘော့မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲကျင်းပ

 


MNP - စက်တင်ဘာ   ၁၇


ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် ကိုယ်ကာယကျန်းမာကြံ့ခိုင်ပြီး အားကစားစိတ်ဓာတ်များ ထက်သန်လာစေရန်နှင့် မြို့နယ်အတွင်းမှအား ကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပသည်။


ဖွင့်ပွဲအခမ်းအနားတွင် အားကစားသမားများနှင့် ဖွင့်ပွဲတက်ရောက်လာသူများက နိုင်ငံတော်အလံအား စုပေါင်းအလေးပြုခြင်း၊ အားကစားသမားများက အားကစားအဓိဌာန် ရွတ်ဆိုခြင်းများ ဆောင်ရွက်ပြီး မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုဝင်းကအား ကစားပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များ ပြောကြားပြီး အဖွင့်ပွဲစဉ်ကို မြို့နယ်ဌာနဆိုင်ရာအသင်းနှင့် နမ့်ခမ်းဘောလုံးအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြသည်။


အဆိုပါပြိုင်ပွဲကို စက်တင်ဘာလ ၁၆ ရက်မှ အောက်တိုဘာ ၇ ရက်ထိ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း ၈ သင်းတို့က အုပ်စု ၂ စုခွဲ၍ ပါဝင်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)