မိုးနဲမြို့နယ်၌ ကျေးရွာအဆင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးနဲမြို့နယ်၌ ကျေးရွာအဆင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကျင်းပ



MNP - စက်တင်ဘာ  ၂၇


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် ကျေးရွာအုပ်စုအဆင့်နှစ်ယောက်တွဲ အလွတ်တန်း ပိုက်ကျော် ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို နမ့်မော်ဆွမ့်ကျေးရွာအုပ်စု နမ့်မော်ဆွမ့်ကျေးရွာ ပိုက်ကျော်ခြင်းကွင်းနေရာ၌ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ နမ့်မော်ဆွမ့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ကြိုင်က အမှာစကားပြောကြားခဲ့ပြီး ဗိုလ်လုပွဲကို ဇာနည်အသင်းနှင့် ကိုဩအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကိုဩအသင်းကအနိုင်ရရှိခဲ့‌ပြီး တတိယဆုကို ကိုဖြိုးအသင်းက ရရှိခဲ့ကြောင်း သိရသည်။


အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲကို နမ့်မော်ဆွမ့်ကျေးရွာအုပ်စု အောင်သပြေကလပ် ပိုက်ကျော်ခြင်းကွင်း အားကစားဖြစ်မြှောက်ရေးကော်မတီမှ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆုရရှိအသင်းများကို ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့‌‌ကြောင်းနှင့် အလွတ်တန်း နှစ်ယောက်တွဲ ပြိုင်ပွဲတွင် အသင်း ၁၉ သင်းပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြောင်း သိရသည်။


သတင်း - ဝိုးတောင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)