ရွှေဘိုမြို့၌ ကျား၊ မရေးရာ (GENDER)နှင့် ကျား၊ မရေးရာ အခြေပြုအကြမ်းဖက်မှု GENDER၊ BASE၊ VIOLENCE ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေဘိုမြို့၌ ကျား၊ မရေးရာ (GENDER)နှင့် ကျား၊ မရေးရာ အခြေပြုအကြမ်းဖက်မှု GENDER၊ BASE၊ VIOLENCE ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ



MNP - စက်တင်ဘာ   ၂၇


စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီချိန်က Gender၊ CEDAW NSPAW နှင့် UNSCR 1325 အသိပညာပေးဆွေးနွေးပွဲကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက အဖွင့်အမှာစကားပြေကြားခဲ့ကြောင်း သိရသည်။


ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိမ်းလဲ့ရည်က ကျားမအခြေပြု အကြမ်းဖက်မှု တွင် ပါဝင်သည့် အပြုအမူများ၊ အကြမ်းဖက်မှုအမျိုးအစားများ၊ ဖြစ်ပွားရ သည့် အကြောင်းအရင်း၊ အများဆုံး ဖြစ်ပွားတတ်သည့် အကြမ်းဖက်မှုများ၊ အကြမ်းဖက်မှု အကျိုးဆက်များ၊ (က)ရုပ်ပိုင်းဆိုင်ရာ အကျိုးဆက်များ (ခ)စိတ်ပိုင်းဆိုင်ရာအကျိုးဆက်များ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ နှင့် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအစီစဉ်၊ အကောင်အထည်ဖော် ဆောင်ရွက်မည့် အခြေခံမဏ္ဍိုင်များ၊ အမျိုးသမီး များအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် (CEDAW) နှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၊ ကျား၊ မအခြေပြု အကြမ်းဖက်မှုဖြစ်ပွားပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ လူမှုဝန်ထမ်းဦးစီး ဌာနအနေဖြင့် ဆောင်ရွက်ပေးနေမှုများ၊ လိုအပ်ပါက (၂၄)နာရီ Help Line  ဖုန်းနံပါတ် ၀၆၇-၃၄၀၄၂၂၂၊ ၀၆၇-၃၄၀၄၉၉၉၊ တိုင်းဒေသကြီး/ ပြည်နယ်လူမှုဝန်ထမ်းရုံး များသို့ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။


ဆွေးနွေးပွဲသို့ ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)