မြန်အောင်ရေနံမြေ လူမှုတာဝန်သိမှု(CSR)အစီအစဉ်ဖြင့် ဆောင်ရွက်သော KV.100 ထရန်စဖော်မာ ဖွင့်လှစ်ပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်အောင်ရေနံမြေ လူမှုတာဝန်သိမှု(CSR)အစီအစဉ်ဖြင့် ဆောင်ရွက်သော KV.100 ထရန်စဖော်မာ ဖွင့်လှစ်ပွဲအခမ်းအနားကျင်းပ



MNP - စက်တင်ဘာ  ၂၇


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်ရေနံမြေ လူမှုတာဝန်သိမှု (CSR)အစီအစဉ်ဖြင့် ဆောင်ရွက် သော KV.100 ထရန်စဖော်မာ ဖွင့်လှစ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်က မြန်အောင်မြို့နယ် ရှားတော ကျေးရွာအုပ်စု၊ ရှားတော ကျေးရွာအမှတ်(၁) ရေနံမြေလမ်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြန်အောင်ရေနံမြေ လူမှုတာဝန်သိမှု(CSR) အစီအစဉ်ဖြင့် ဆောင်ရွက်သော KV.100 ထရန်စဖော်မာ အား မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး အောင်စိုး၊ အတွင်းရေးမှူး ဒုရဲမှူးကြီး မြင့်ကျော်နှင့် မြန်အောင်-ရွှေပြည်သာ ရေနံမြေအထွေထွေမန်နေဂျာ ဦးညွှန့်နိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် ရှားတောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။


၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မြန်အောင်ရေနံမြေ၏ လူမှုတာဝန်သိမှု(CSR) အစီအစဉ်ဖြင့် ဆောင်ရွက်သော KV.100 ထရန်စဖော်မာနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ဆောင်ရွက်ပြီးစီး၍ ရှားတောကျေးရွာ အမှတ်(၁)၊ အမှတ်(၂)အတွင်းရှိ ဒေသခံပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူဖြစ်စေမှာဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)