MNP ၊ စက်တင်ဘာ ၂၇
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့် လွှမ်းခြုံနိုင်ရေး စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက်က ပေါင်မြို့နယ်အတွင်းရှိ ဆေးထိုးစုရပ် ဝါရီရူခန်းမ၌ အပိုထပ်ဆောင်း စတုတ္ထ အကြိမ် ထပ်ဆောင်း Additional Booster Dose ထိုးနှံခြင်းကို ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင် ၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှုးနှင့်ရပ်မိရပ်ဖများ၊ ထွေ/အုပ်ဝန်ထမ်းများ၊စေတနာရှင်ဝန်ထမ်းများက ဝါရီရူခန်းမတွင်ပေါင်မြို့နယ်အတွင်းရှိ စတုတ္ထ အကြိမ် ထပ်ဆောင်း Additional Booster Dose ထိုးနှံပေးမှုကို သွေးပေါင်ချိန်ခြင်းအပြင်လိုအပ်သောအထောက်အပံ့များဖြည့်ဆည်ပေးခြင်း များဆောင်ရွက်ပေးလျက်ရှိသည်။
မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးကော်မတီသည် တစ်မြို့နယ်လုံး ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန်အတွက် ဒေသခံပြည်သူ တို့အား ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးခဲ့ကြပြီး တာဝန်ရှိသူများက လိုအပ်သည်တို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
တင်ဇာစိုး
https://t.me/MyanmarNationalPost




No comments:
Post a Comment