MNP ၊ စက်တင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်းရှိ ရွှေပြည်ကျေးရွာ၊ ဆည်ကြီးကျေးရွာ၊ မာလဲကျေးရွာ၊ ဆည်သည်ကျေးရွာတို့မှ တောင်သူများအတွက် မိုးရာသီစိုက်ပျိုးစရိတ် ဘဏ်ချေးငွေများ ထုတ်ချေးပေးခြင်းကို စဉ့်ကူးမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ယနေ့နံနက်(၁၀)နာရီခွဲက ဆောင်ရွက်သည်။
ရှေးဦးစွာ စဉ့်ကူးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးဝင်းခိုင် က စားနပ်ရိက္ခာ ဖူလုံစေရေး၊ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေးနှင့် တောင်သူလယ်သမားများ၏ စိုက်ပျိုးထုတ်လုပ်မှု အထောက်အကူဖြစ်စေရေး တို့အတွက်ရည်ရွယ်၍ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
စဉ့်ကူးမြို့နယ်တွင် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ စက်တင်ဘာလ ၂၇ ရက်နေ့ ယနေ့တွင် ရွှေပြည်ကျေးရွာမှ တောင်သူ ၃၈ ဦးအတွက် ထုတ်ချေးငွေကျပ် (၃၄၇၀၀၀၀၀)နှင့် ဆည်ကြီးကျေးရွာမှ တောင်သူ (၂)ဦးအတွက် ထုတ်ချေးငွေကျပ် (၂၁၅၀၀၀၀)၊ မာလဲကျေးရွာမှ တောင်သူ (၂)ဦးအတွက် ထုတ်ချေးငွေကျပ် (၉၀၀၀၀၀)၊ ဆည်သည်ကျေးရွာမှ တောင်သူ (၁)ဦးအတွက် ထုတ်ချေးငွေကျပ် (၁၅၀၀၀၀)၊ စုစုပေါင်း တောင်သူ (၄၃)ဦးတို့အတွက် ထုတ်ချေးငွေကျပ် (၃၇၉၀၀၀၀၀) တို့အား ထုတ်ချေးပေးခဲ့ကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအား စပါးစိုက်ဧက တစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်း၊ အခြားသီးနှံ(ပဲမျိုးစုံ) တစ်ဧကလျှင် ငွေကျပ် တစ်သိန်းနှုန်း၊ အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ချေးငွေများထုတ်ချေးပေးခြင်းဖြစ်ကြောင်း မြို့နယ်မန်နေဂျာ ဦးဝင်းခိုင် ထံမှ သိရသည်။
တင်ဇာလွင်
https://t.me/MyanmarNationalPost
No comments:
Post a Comment