နမ့်ဆန်မြို့နယ် သမဝါယမအသင်းစု၏ဘဏ္ဍာရေး နှစ်ပတ်လည်အစည်းအဝေးနှင့် အမှုဆောင်ပြန်လည်ရွေးချယ်ခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်ဆန်မြို့နယ် သမဝါယမအသင်းစု၏ဘဏ္ဍာရေး နှစ်ပတ်လည်အစည်းအဝေးနှင့် အမှုဆောင်ပြန်လည်ရွေးချယ်ခြင်း အခမ်းအနားကျင်းပ




MNP - စက်တင်ဘာ   ၁၉


ရှမ်းပြည်နယ်၊  ပလောင်ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ၊  နမ့်ဆန်မြို့နယ်   သမဝါယမအသင်းစု၏ ၂၀၂၀-၂၀၂၁ / ၂၀၂၁-၂၀၂၂  ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ဒါရိုက်တာအသစ် ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီတွင် အမှတ်-၁ အခြေခံပညာမူလတန်းကျောင်း ရုံးခန်းမ၌ ကျင်းပခဲ့သည်။


အဆိုပါ အခမ်းအနားတွင် သဘာပတိဒေါ်စိန်သန်းက အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိက လုပ်ငန်းဆိုင်ရာများအား ဆွေးနွေးတင်ပြခြင်း၊ ၂၀၂၀-၂၀၂၁/ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းဖတ်ကြားခြင်း၊ အသင်းစာရင်းစစ် အစီရင်ခံစာဖတ်ကြားခြင်း၊ ၂၀၂၀-၂၀၂၁/ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၏ ဘဏ္ဍာရေးရှင်းတမ်းများနှင့် ရှေ့လုပ်ငန်းစဉ်များအား အသင်းဝင်ကိုယ်စားလှယ်များထံ အတည်ပြုချက်ရယူခြင်း၊ တက်ရောက်လာသူများက ဆွေးနွေးမေးမြန်းခြင်းများ ဆောင်ရွက်သည်။


ထို့နောက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်အထိ (၅)နှစ်သက်တမ်းအမှု ဆောင်ဒါရိုက်တာများ အမည်စာရင်းကို အသင်းသားတစ်ဦးမှ အဆိုပြုခြင်း၊ အမှုဆောင်သစ်များမှ ကတိသစ္စာခံယူခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)