ရန်ကင်းမြို့နယ်တွင် အသက် ၁၀နှစ်အထက် ကျောင်းသား/သူ (၁၆၁)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကင်းမြို့နယ်တွင် အသက် ၁၀နှစ်အထက် ကျောင်းသား/သူ (၁၆၁)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

 



MNP - စက်တင်ဘာ   ၁၉


ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ပန်းခင်းစီမံချက်(၂)ဖြင့် ကျောင်းသား/သူများ မှန်ကန်တိကျတဲ့ ထောက်ခံချက်နှင့် ဆောင်ရွက်ပေးခြင်းဖြင့် ပြင်ဆင်ဖြည့်စွက်ရန်မလိုဘဲ နိုင်ငံသားစိစစ်ရေးကတ် သေတပန်သက်တဆုံး အသုံးပြုရန်ရည်ရွယ်၍ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကင်းမြို့နယ် ဦးစီးမှူးရုံးမှ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သို့ဖြစ်ရာ ပန်းခင်းစီမံချက်(၂)ဖြင့် ရန်ကင်းမြို့နယ်အတွင်းရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ကျောင်းသား/သူ (၁၆၁)ဦးအား ကွင်းဆင်း၍ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။


ထိုသို့ ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးရာတွင် အဆင်ပြေ ချောမွေ့မှုရှိစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အနီးကပ်ကြီးကြပ်ကာ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး၊ ဆရာ၊ဆရာမများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကျောင်းကြီးကြပ်ရေး ကော်မတီအဖွဲ့များက ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - အိရွှေစင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)