ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချပေး



MNP - စက်တင်ဘာ   ၁၉


ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီစဉ်မှုဖြင့် မြို့နယ်အတွင်းပြည်သူများအတွက် အခြေခံစားသောက်ပစ္စည်းများကို နေ့စဉ်ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက် (၈)နာရီအချိန်တွင် အမှတ်(၃၈)ရပ်ကွက်၊ အုတ်လှငယ်လမ်းနှင့် ဗညားနွဲ့လမ်းထောင့်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ 


ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ပစ္စည်းများ ရောင်းချနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေး အထောက်အကူပြုအဖွဲ့များ၊ ဖွဲ့စည်းထားသော ဌာနဆိုင်ရာ စစ်ကြောင်းအဖွဲ့များမှ တာဝန်ရှိသူများ ပူးပေါင်း၍ ဒေသခံပြည်သူများ မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးရာတွင် ဆန်တစ်ပြည်ကျပ် (၁၆၀၀) နှုန်း၊ ဆီငါးဆယ်သားတစ်ပုလင်းလျှင် (၂၄ဝဝ) ကျပ်နှုန်း၊  ကြက်ဥငါးလုံး (၈၇၅)ကျပ်နှုန်းတို့ဖြင့် ဆက်လက်ရောင်းချပေးလျက်ရှိရာ မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ကြောင်း သတင်းရရှိသည်။


သတင်း - မြင့်မြင့်ရီ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)