မှော်ဘီမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးစစ်ကြောင်းကြီး(၅)ကြောင်း ကွင်းဆင်းတွေ့စုံပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မှော်ဘီမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးစစ်ကြောင်းကြီး(၅)ကြောင်း ကွင်းဆင်းတွေ့စုံပွဲကျင်းပ



MNP - စက်တင်ဘာ    ၁၅


ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် မှော်ဘီမြို့နယ်၊ မြောင်းတကာ၊ ဇေယျသိဒ္ဓိကျောင်းဓမ္မာရုံ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးဝင်းစိုးမှ အဖွင့်အမှာစကားပြောကြား၍ စစ်ကြောင်းကြီး(၅)ကြောင်းတွင်ပါဝင်သော ဌာနဆိုင်ရာဝန်ထမ်းများနှင့်မိတ်ဆက်ပေးပြီး နိုင်ငံရေးစစ်ကြောင်းမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူးပြည့်စုံကျော်က နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒလမ်းစဉ်နှင့် ဒို့တာဝန်အရေးသုံးပါးကို မမေ့ရန်ပြောကြားခြင်း၊ ရဲမှူးမြင့်အောင်မှ ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာများ အသိပညာပေးဆွေးနွေးခြင်း၊ အုပ်ချုပ်ရေးစစ်ကြောင်းအဖွဲ့ခေါင်းဆောင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဖြိုးအောင်ကြည်က လူမှုရေးဆိုင်ရာအသိပညာပေးဆွေးနွေးပြောကြားခြင်း၊ လူမှုရေးစစ်ကြောင်းမှ မြို့နယ်ကျန်းမာရေးမှူးအဆင့်(၁) ဒေါ်ခင်အေးဝင်းမှ ကိုဗစ်-၁၉ ရောဂါနှင့် Mask နှာခေါင်းစီးတပ်ရန် ဆေးထိုးပြီး(၆)လပြည့်တိုင်း ပြန်လည်ထိုးရန်မှာကြားခြင်း၊ ဒေသဖွံ့ဖြိုးရေးစစ်ကြောင်းမှ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးတင်စိုးက ကျေးလက်လမ်း၊ တံတားများဖွံ့ဖြိုးရေးများ တိုးတက်ရေးရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ကျေးရွာသူ၊ ကျေးရွာသားများ၏ သိရှိလိုသည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများက မေးမြန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဖြိုးအောင်ကြည်မှ မိမိတို့တင်ပြသည့်အချက်အလက်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - ကောင်းမြတ်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)