တန့်ယန်းခရိုင်တွင် စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်း ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တန့်ယန်းခရိုင်တွင် စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်း ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်

 







MNP - စက်တင်ဘာ  ၁၅


ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းနှင့် ပတ်သက်သည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်အတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစတင်၍ စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းကို မိုင်းပတ်ကျေးရွာအုပ်စု၌ ဖွင့်လှစ်နိုင်ရန် စတင်စီစဉ်ဆောင်ရွက်နေပြီဖြစ်သည်။


အဆိုပါ စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်း ဖွင့်လှစ်နိုင်ရန်အတွက် ယမန်နေ့ မွန်းလွဲညနေပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် ဦးဆောင်၍ အဖွဲ့ဝင်များက သက်ဆိုင်ရာဌာနများဖြစ်ကြသည့် မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးလှစိုးဝင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးခင်မောင်ဦးတို့လိုက်ပါလျက် မိုင်းပတ် အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။


စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ဖွင့်လှစ်နိုင်ရေးအတွက် အုပ်ချုပ်ရေးဆိုင်ရာ အဆောက်အဦ၊ သင်ကြားရေးနှင့်ရုံးအဆောက်အဦများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအတွက် လုံလောက်သောမြေအကျယ်အဝန်း လျာထားနိုင်‌ရေးအတွက် မိုင်းပတ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့်ကျောင်းအကျိုးတော်ဆောင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့် ဆွေးနွေးညှိနှိုင်း စိစစ်တိုင်းတာခဲ့ပြီး မိုင်းပတ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးထံ ပါးစပ်/နှာခေါင်းစည်း Mask (၃၁၅၀)ခုနှင့် Hand Sanitizer နှစ်ဘူးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။                        


 သတင်း - မင်းလွင်ဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)