မန္တလေးတိုင်းဒေသကြီး၊ လူငယ်ရေးရာကော်မတီဥက္ကဋ္ဌဖလား၊ ပထမတံခွန်စိုက်ဆုဖလားရရှိခဲ့သည့် ခရိုင်အမျိုးသမီးဘောလုံးအသင်းနှင့် ဗဟိုအဆင့်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များအား ဂုဏ်ပြု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီး၊ လူငယ်ရေးရာကော်မတီဥက္ကဋ္ဌဖလား၊ ပထမတံခွန်စိုက်ဆုဖလားရရှိခဲ့သည့် ခရိုင်အမျိုးသမီးဘောလုံးအသင်းနှင့် ဗဟိုအဆင့်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များအား ဂုဏ်ပြု




MNP - စက်တင်ဘာ   ၂၉


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀) နာရီက မန္တလေးတိုင်းဒေသကြီး၊ လူငယ်ရေးရာကော်မတီဥက္ကဌဖလား၊ ခရိုင်ပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဆုဖလားရရှိခဲ့သည့် ကျောက်ဆည်ခရိုင် အမျိုးသမီးဘောလုံးအသင်းအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် (၂၃) ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုသည့်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးသိမ်းက ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုပွဲကျင်းပပြုလုပ်ပေးခြင်း၏ ရည်ရွယ်ချက်များဖြစ်သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်ဖြစ်သည့် လူမှုရေးဦးတည်ချက် (၃) ရပ်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ကြောင်းနှင့် ကျောက်ဆည်မြို့၏ ဂုဏ်ကျက်သရေကို ဖော်ဆောင်ရယူနိုင်ခဲ့သည့် အားကစားသမားများအနေဖြင့် နောင်တွင်လည်း အဖွဲ့အစည်းစိတ်ဓာတ်၊ အားကစားစိတ်ဓာတ်ကောင်းများဖြင့် နိုင်ငံကြီးသားများပီပီ မျိုးချစ်စိတ်ဓာတ် အပြည့်အဝဖြင့် ပြိုင်ပွဲမျးတွင် ပါဝင်ယှဉ်ပြိုင်သွားကြရန် လိုအပ်ပါကြောင်း ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပြီး ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိမ်း၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး အောင်နိုင်ဦးနှင့် အဖွဲဝင်(၂) ဦးအောင်သူတို့က မန္တလေးတိုင်းဒေသကြီး၊ လူငယ်ရေးရာကော်မတီဥက္ကဋ္ဌဖလား၊ ခရိုင်ပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဆုဖလားရရှိခဲ့သည့် ကျောက်ဆည် ခရိုင် အမျိုးသမီးဘောလုံးအသင်းအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေ (၄) သိန်းကျပ်ကို လည်းကောင်း၊ (၂၃) ကြိမ်မြောက် မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုငွေ (၄) သိန်းကျပ်ကိုလည်းကောင်း အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။


ထို့နောက် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ခရိုင်အားကစားမှူး ဒေါ်မြင့်မြင့်ထူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကာ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)