မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အခြေခံလူတန်းစား အိမ်ထောင်စုများအား စားကုန်များ ထောက်ပံ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အခြေခံလူတန်းစား အိမ်ထောင်စုများအား စားကုန်များ ထောက်ပံ့

 


MNP - စက်တင်ဘာ   ၂၉


မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နတ်မောက်မြို့ပေါ်(၇)ရပ်ကွက်ရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၇)နာရီခွဲအချိန်က ဈေးရပ်ကွက်၊ ဆုတောင်းပြည့်ဘုရားကြီးကွင်း၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယကနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်၍ နတ်မောက်မြို့ပေါ် (၇)ရပ်ကွက်ရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ခဲ့သည်။


ထိုသို့ထောက်ပံ့ရာတွင် နတ်မောက်မြို့နယ်ရပ်ကွက်များမှ အခြေခံလူတန်းစား အိမ်ထောင်စုများ အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်နီနှင့် ကိုဗစ်ကာကွယ်ရေးသုံး (Mask) များကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အိမ်ထောင်စု(၅၀၀)၊ နတ်မောက်မြို့နယ်ရှိ ဌာနဆိုင်ရာများမှ အိမ်ထောင်စု(၂၀၀)၊ စုစုပေါင်း အိမ်ထောင်စု(၇၀၀)အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)