လူမှုသဟဇာတ သဘောတရားများကို နားလည်သိရှိသူ များပြားလာသည်နှင့်အမျှ ပြည်သူများအကြား အတွေးအခေါ်များ မြင့်တက်လာပြီး လူမှုပဋိပက္ခ ကင်းဝေးသော၊ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းတစ်ရပ် ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူမှုသဟဇာတ သဘောတရားများကို နားလည်သိရှိသူ များပြားလာသည်နှင့်အမျှ ပြည်သူများအကြား အတွေးအခေါ်များ မြင့်တက်လာပြီး လူမှုပဋိပက္ခ ကင်းဝေးသော၊ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းတစ်ရပ် ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား



MNP ၊ စက်တင်ဘာ ၂၆

လူမှုသဟဇာတ သဘောတရားများကို နားလည်သိရှိသူများ ပြားလာသည်နှင့်အမျှ ပြည်သူ များအကြား အတွေးအခေါ်များ မြင့်တက်လာပြီး လူမှုပဋိပက္ခ ကင်းဝေးသော၊ ငြိမ်းချမ်းသော လူ့အဖွဲ့ အစည်း တစ်ရပ်ဖော်ဆောင်နိုင်မည် ဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက်သူများအနေနဲ့ မိမိရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရေး၊ မတူကွဲပြားသော လူအုပ်စုများအကြား ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး ကြိုးပမ်းမှုဖြစ်စဉ်တိုင်းတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင် က တိုက်တွန်း ပြောကြားသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဖွင့်လှစ်မည့် လူမှုသဟဇာတနှင့်လူမှု ပေါင်းစည်းရေး ဆိုင်ရာဆင့်ပွားသင်တန်း၊ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် Virtual ပုံစံဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ထိုသို့ ပြောကြားခြင်းဖြစ်သည်။

အဆိုပါ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၃၀) တက်ရောက်ပြီး သင်တန်းကို စက်တင်ဘာ ၂၆ မှ ၃၀ ရက်အထိ ဖွင့်လှစ်သွားမည် ဖြစ်သည်။

ဆက်လက်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာနများတွင် နေ့ကလေးထိန်းဌာနများ ဖွင့်လှစ်နိုင်ရန်ရည်ရွယ်၍ အသက်(၆)လမှ (၃)နှစ်အရွယ် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်း ဖွင့်ပွဲအခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံးစုပေါင်းခန်းမ၌ ကျင်းပသည်။

အဆိုပါ သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီး က  မိမိတို့နိုင်ငံတွင် အသက်(၃)နှစ်မှ (၅)နှစ်အထိ ကလေးများအတွက် ဌာနမူလတန်းကြိုကျောင်းများ ပုံမှန်တိုးချဲ့ဖွင့်လှစ်ခြင်း၊ ပုဂ္ဂလိက မူလတန်း ကြိုကျောင်းများအား တည်ထောင်ခွင့်ပြုမိန့် မှတ်ပုံတင်များ ပေးအပ်ခြင်း၊ ရပ်ရွာအခြေပြု ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နည်းပညာအကူအညီနှင့် ငွေကြေးအထောက်အပံ့များ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်လျက် ရှိသော်လည်း အသက် (၆)လနှင့်အထက် ရင်ခွင်ပိုက်ကလေးငယ်များအတွက် နေ့ကလေးထိန်းများ ဖွင့်လှစ်နိုင်မှုမှာ အင်မတန် နည်းပါးနေသေးပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေနှင့် နေ့ကလေးထိန်းဌာနများ၊ မူလတန်းကြိုကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ဆက်လက်ကူညီပံ့ပိုးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ “မေမေ့ရင်ခွင်နေ့ကလေးထိန်းဌာန” ဖွင့်လှစ်ထားရှိမှု၊ ရုံး၊ ဌာနများတွင် နေ့ကလေးထိန်းဌာနများ ဖွင့်လှစ်နိုင်ခြင်းဖြင့် မိဘများအနေဖြင့် ကလေးများအား ရင်အုပ်မကွာ စောင့်ရှောက်မှုပေးနိုင်မည့် အခြေအနေများ၊ မိခင်များအတွက် အလုပ်ထွက်နှုန်းကို လျှော့ချစေနိုင်ပြီး ကလေးသူငယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် စနစ်ကျသည့် ပြုစုစောင့်ရှောက်မှုကို ရရှိစေနိုင်သည့်အခြေအနေများကို ရှင်းလင်းပြသခဲ့ပြီး ဝန်ကြီးဌာနများတွင် နေ့ကလေးထိန်းဌာနများ ဖွင့်လှစ်နိုင်ရေးအတွက် ဆက်လက်၍ ဝိုင်းဝန်းကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ 

အဆိုပါ သင်တန်းသို့ သင်တန်းသူ (၂၅)ဦး တို့တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)