အမရပူရမြို့နယ် သူငယ်တော်ကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်အဆင့်(၂) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမရပူရမြို့နယ် သူငယ်တော်ကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်အဆင့်(၂) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

 


MNP - စက်တင်ဘာ   ၂၆


 မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ သူငယ်တော်ရွာအုပ်စုသူ ငယ်တော်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ အမရပူရမြို့နယ်ဦးစီးမှူးရုံးက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသောကျေးရွာသူ၊ ကျေးရွာသားများကိုပန်းခင်း စီမံချက်အဆင့် ၂ ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။


ပန်းခင်းစီမံချက်အဆင့်၂ ဖြင့်ဆောင်ရွက်သော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ခြင်းနှင့်ပတ်သက်ပြီးဦးစီးအရာရှိဦးတင်ကိုကိုဝင်းက မိမိတို့ဌာနအနေဖြင့် လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးမှ စာရင်းပြုစုပြီး မိမိတို့ဌာနကို အိမ်ထောင်စုဇယား၊ မှတ်ပုံတင်လုပ်မည့် သူခွဲခြားပြုစုပြီး လူဦးရေ ၂၀ ဦး ကျော်ရှိနေလျှင်  ဌာနအနေဖြင့် မြို့ပေါ်သာမက၊ ကျေးရွာများပါ ကွင်းဆင်းဆောင်ရွက်ပေးနေကြောင်း ပြောကြားသည်။


 ယခုသူငယ်တော်ကျေးရွာအုပ်စု၌အသက်(၁၀)နှစ်ပြည့် ကျား(၂၃) မ (၃၁) ဦး ပေါင်း (၅၄) ဦး အသက် (၁၈) နှစ်ပြည် ကျား (၈) ဦး မ (၁၅) ဦး ပေါင်း (၂၃) ဦး ဆောင်ရွက်ပေးနိုင်ခဲ့ပြီး အိမ် ထောင်စု (၂၁)စု မွေးတိုး (၁၄)ဦး သေစာရင်း (၁၂)ဦးအား ဆောsင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။


သတင်း - စိုးသီဟ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)