MNP - စက်တင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် နိုင်ငံရေးစစ်ကြောင်း၊ အုပ်ချုပ်ရေးစစ်ကြောင်း၊ လူမှုရေးစစ်ကြောင်း၊ စည်းရုံးရေးစစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးစစ်ကြောင်း စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဒေသဖွဲ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့ နေ့ခင်း ၁ နာရီခွဲအချိန်က စည်သာကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံပေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်း (၂) စီမံချက်ဖြင့် အိမထောင်စုဇယာများပြုလုပ်ပေးခြင်းနှင့် မှတ်ပုံတင်များပြုလုပ်ပေးခြင်း၊ တိုင်းရင်းဆေးဦးစီးဌာနမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့် ရှောက်မှုပေးခြင်းများ ဆောင်းရွက်ပေးခဲ့ကြပြီး စည်သာကျေးရွာ ရွာဦးကျောင်းဓမ္မာရုံတွင် ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးကြရာ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ခရိုင်စီမံအဖွဲ့ ဝင်များက နယ်မြေဒေသလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး အကြောင်းအရာများ ဆွေးနွေး ဟောပြောကြပြီး ဒေသခံပြည်သူများမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်မီတာများ ချပေးနိုင်ရေး၊ ကျေးလက်လမ်းကောင်းမွန်စေရေး၊ အခြေခံပညာကျောင်း ကျောင်းဆောင် သစ်နှင့် ခြံစည်းရိုးလိုအပ်ချက်၊ စိုက်ပျိုးမွေးမြူရေး အကြောင်းအရာများအား မေးမြန်းကြရာ သက်ဆိုင်ရာ မြို့နယ်ဌာနဆိုင်ရာများမှ မေးမြန်းသည့် ကဏ္ဍအလိုက်ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။
ဒေသဖွံ့ဖြိုးရေး စစ်ကြောင်းစစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဒုတိယ ဗိုလ်မှူးကြီး မျိုးခိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့ နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ မြို့နယ်စီမံအဖွဲ့ဝင်(၁) ဗိုလ်မှူး ပြည့်ဖြိုးအောင်နှင့် စီမံအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများဖြင့် ဒေသဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်း - ကိုကြေးမုံ
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment