အမာမြို့၊ (၄)ရပ်ကွက်တွင် နေသူရိန်လမ်းဘေးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမာမြို့၊ (၄)ရပ်ကွက်တွင် နေသူရိန်လမ်းဘေးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု




MNP - စက်တင်ဘာ  ၉


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ (၄)ရပ်ကွက်ရှိ နေသူရိန်လမ်းမကြီး ကွန်ကရစ်ခင်း လမ်းဘေးချဲ့ ခြင်းလုပ်ငန်းဆောင်ရွက်‌နေမှုကို သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး တာဝန်ရှိသူများမှ ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။


အဆိုပါ နေသူရိန်လမ်းမဘေးချဲ့ခြင်းလုပ်ငန်း (လမ်းဘေးနှစ်ဖက်)ကို  တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ အမာမြို့၊ စည်ပင်သာယာရေးကော်မတီ၏ ရံပုံငွေ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး လမ်းအရှည် (၁၅၁၂×၂=၃၀၂၄)ပေ၊ အကျယ်(၃)ပေနှင့် ထုထည် (၉)လက်မ ရှိမည်ဖြစ်ပြီး ကွန်ကရစ်လမ်းချဲ့ခြင်း လုပ်ငန်းကို နွေဦးခင်ကုမ္ပဏီမှ တင်ဒါ အောင်မြင်ငွေကျပ် (၄၅၄)သိန်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


နေသူရိန်လမ်း ကွန်ကရစ်ဖြင့် လမ်း‌ဘေးချဲ့ခြင်းလုပ်ငန်းကို သတ်မှတ်စံချိန်စံညွှန်းနှင့် အညီ ပြည့်မီရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှုကို အမာမြို့၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ အမာမြို့၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဦး‌အောင်အောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု ၍ လိုအပ်သည်များကို မှာကြားခဲ့ပြီး လမ်း‌ဘေးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက မြို့ပေါ်ရပ်ကွက်အတွင်းရှိ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းသာစွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)