MNP - စက်တင်ဘာ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် အခမ်း အနားကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက ‘၀ ထ က လ သ’ သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်ခဲ့ပြီး ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်း/မြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၂ခုနှစ် နိုင်ငံတကာ စာတတ်မြောက် ရေးနေ့ ယူနက်စကိုညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာကို လားရှိုးတက္ကသိုလ်၊ အင်္ဂလိပ်စာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာဥမ္မာသန်းက ဖတ်ကြားခဲ့ပြီး စာတတ်မြောက်ရေးနေ့လုပ်ငန်းများ ဆောင်ရွက်မှု မှတ်တမ်းဗီဒီယို ပြသခဲ့သည်။
ဆက်လက်၍ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက ‘လူသား မှန်သမျှ စာတတ်ချိန်တန်ပြီ’ သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေခဲ့ပြီး ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်း/မြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်က သီဆိုဖျော်ဖြေခဲ့သော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်း - စိုင်းအောင်ကျော်စိုး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment