မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး အမှတ်စဉ် (၅/ ၂၀၂၂) အစည်းအဝေး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး အမှတ်စဉ် (၅/ ၂၀၂၂) အစည်းအဝေး တက်ရောက်





MNP ၊ စက်တင်ဘာ ၂၂

မွန်ပြည်နယ်အနေဖြင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းသည် နိုင်ငံတော်ကို မီးခိုးမထွက်ဘဲ အခွန်ငွေရှာဖွေပေးနေသည့် လုပ်ငန်းဖြစ်သည့်အတွက် ဟိုတယ် နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍  မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး အမှတ်စဉ် (၅/ ၂၀၂၂) အစည်းအဝေးကို ယမန်နေ့၊ နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ်၊ ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဝင်များ၊ ဆက်စပ်ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။


အစည်းအဝေးတွင် မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင် အလှအပများနှင့် ယဉ်ကျေးမှု အမွေအနှစ်များစွာဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် အလားအလာ ကောင်းများစွာရှိသည့်အတွက်လာမည့် ပွင့်လင်းရာသီတွင် ပြည်နယ်အတွင်း ဟိုတယ်နှင့်ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအနေဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ခြင်းဖြင့် ဒေသအတွက် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်ရေး၊ ခရီးသွားဒေသများတွင် လုံခြုံရေးနှင့်ဘေးအန္တရာယ် ကင်းရှင်းရေးများကို ဦးစားပေးကဏ္ဍတစ်ရပ် အနေဖြင့်  ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဆိုင်ရာ လိုင်စင်များကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဖြေလျှော့သင့်သည့် လုပ်ငန်းစဉ်များကို ဖြေလျှော့၍ ဆောင်ရွက်ပေးကြရန်နှင့် သတ်မှတ်ထားရှိသည့် ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာကြစေရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ လူနေထူထပ်သည့် မြို့ကြီးပြကြီးများကို သွားရောက်လည်ပတ်ခြင်းထက် လူနေနည်းပါးပြီး သဘာဝနှင့်နီးစပ်သည့် ကျေးလက်ဒေသနေရာများကို ခရီးသွားဧည့်သည်များ ပိုမိုနှစ်သက်လာကြသည့်အတွက် သဘာဝကိုအခြေခံသည့် ခရီးသွားလုပ်ငန်း Eco Tourism များအား ဖော်ဆောင်ပေးရန်လိုအပ်သလို ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားလုပ်ငန်း ရေရှည်တိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း လုပ်ဆောင်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။


ထို့နောက် ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး ဦးဇေယျာထွန်းမှ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများကို သတ်မှတ်စည်းကမ်းများနှင့်အညီ လိုင်စင်ထုတ်ပေးခြင်း၊ လိုင်စင်သက်တမ်းတိုးခြင်း၊ ဧည့်လမ်းညွှန် လိုင်စင်ထုတ်ပေးခြင်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးများနှင့်ကော်မတီဝင်များမှ ပြည်နယ်အတွင်းခရီးသွားလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရေးအတွက် အကြံပြုဆွေးနွေးခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။


မွန်ပြည်နယ်အတွင်း တန်ခိုးကြီးဘုရားများ၊ စေတီပုထိုးများ၊ ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှု အဆောက်အဦများ၊ အပန်းဖြေရာနေရာများ ပေါကြွယ်ဝ၍ နှစ်စဉ် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များစွာ ဝင်ရောက်လည်ပတ်လျက်ရှိပြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအနေဖြင့် ဒေသအဆင့် အသိအမှတ်ပြု လက်မှတ်ရရှိသည့် ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာ (၆၇)လုံး၊ အမျိုးသားအဆင့် အသိအမှတ်ပြု လက်မှတ်ရ (၁၇)လုံး၊ Onlineမှ အသိအမှတ် ပြုထားသည့် အရေအတွက် (၂၉)လုံး တို့အား Enchanting Myanmar Health and Safety Protocol (HSP)၊ အမျိုးသား အဆင့် အသိအမှတ်ပြု လက်မှတ် ချီးမြှင့်ခဲ့ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဆိုင်ရာ လိုင်စင်များကို ဥပဒေ၊ နည်းဥပဒေ၊ သတ်မှတ်စည်းကမ်းများနှင့်အညီ လိုင်စင်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ခင်စန်းမြင့် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)