ကျောင်းနေအရွယ် ကလေးများအား နွားနို့တိုက်ကျွေးခြင်းအစီအစဉ် အခမ်းအနား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းနေအရွယ် ကလေးများအား နွားနို့တိုက်ကျွေးခြင်းအစီအစဉ် အခမ်းအနား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်



MNP - စက်တင်ဘာ   ၂၂


ပုသိမ်မြို့၊ အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့မဉ္ဇူခန်းမတွင် တိုင်းဒေသကြီးမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် Top Dairy Farm တို့ပူးပေါင်း ဆောင်ရွက်သည့် ကျောင်းနေအရွယ်ကလေးများ နွားနို့တိုက်ကျွေးခြင်းအစီအစဉ် (School Milk Programme) အခမ်းအနား ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ အစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ အလှူရှင်၊ စေတနာရှင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့သည်။


အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ကျောင်းနေအရွယ် ကလေးငယ်များ အာဟာရပြည့်ဝသည့် အစားအစာများ စားသုံးခြင်းဖြင့် ဉာဏ်ရည်ဖွံ့ဖြိုးခြင်း၊ ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်း ကျန်းမာခြင်းများ ရရှိစေရန် အာဟာရပြည့်ဝသည့် နွားနို့သောက်သုံးခြင်း အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် နမူနာပြဆောင်ရွက်သည့် အခမ်းအနား ဖြစ်ပါကြောင်း၊ ကလေးငယ်များသည် ငယ်စဉ်ကပင် အာဟာရပြည့်ဝသည့် အစားအစာများစားသုံးခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီးဉာဏ်ရည် ဖွံ့ဖြိုးသော မျိုးဆက်သစ်လူငယ်များကို မွေးထုတ်ပေးနိုင်မှာ ဖြစ်ပါကြောင်း၊ နွားနို့တွင် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သည့် ဗီတာမင်၊ ကယ်(လ်)စီယမ်၊ အသားဓာတ်၊ သကြားဓာတ်၊ အဆီဓာတ်၊ သတ္ထုဓာတ်များစွာပါဝင်ပြီး အရိုးအဆစ်နှင့် သွားများခိုင်မာခြင်း၊ ကိုယ်ခန္ဓာကြီးမားဖွံ့ဖြိုးခြင်း၊ ခွန်အားရရှိစေခြင်း၊ ဉာဏ်ရည်ဉာဏ်သွေး ပိုမိုထက်မြတ်စေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မှာဖြစ်ပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တည်ဆောက်ရန်အတွက် ပညာရေးဖြင့် ရင်းနှီးမြှုပ်နှံရမှာဖြစ်၍ အခြေခံပညာကျောင်းများရှိ ကျောင်းနေအရွယ် ကလေးများ နွားနို့တိုက်ကျွေးခြင်းအစီအစဉ် (School Milk Programme)သည် များစွား အကျိုးရှိပါကြောင်း၊ ယခုထက်ပိုမိုဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများမှ ကြိုးစားပေးစေလိုပါကြောင်းနှင့် ကလေးငယ်များ အာဟာရပြည့်ဝပြီး ဉာဏ်ရည်ဖွံ့ဖြိုးကြီးထွား စေရန်အတွက် ကြက်ဥနှင့် နွားနို့များ တိုက်ကျွေးနိုင်ရေး ပူးပေါင်း ဆောင်ရွက်ပေးကြပါသော မွေးမြူရေးလုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အလှူရှင်များနှင့် ဌာနဆိုင်ရာများအား ကျေးဇူးတင်ရှိကြောင်း” ပြောကြားသည်။ ယင်းနောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများက အမှတ်(၁၁)အ ခြေခံပညာအထက် တန်းကျောင်းရှိ မူလတန်းကျောင်းသားကျောင်းသူ (၄၆၀)ဦးအား နွားနို့နှင့်ကြက်ဥများတိုက်ကျွေးခဲ့ကြသည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး တိုင်းဒေသကြီးကိုယ်စားပြု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များ၏ စခန်းသွင်းလေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပါသည်။ ဦးစွာ မြို့တော်ခန်းမတွင် လေ့ကျင့်နေကြသည့် အကအဖွဲ့များ၏ လေ့ကျင့်ကပြမှု၊ ပုသိမ်တက္ကသိုလ် ဝင်းအတွင်းတွင် ရာမာယဏဇာတ်တော်ကြီး အကအဖွဲ့နှင့် အဆို၊ အက၊ အရေး၊ အတီး အဖွဲ့များ၏ သီဆို၊တီးမှုတ်၊ အကလေ့ကျင့်မှုများကို ကြည့်ရှုအားပေးခဲ့ပြီး ပြိုင်ပွဲဝင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အောင်မြင်မှုများ ရရှိစေရေးကြိုးစားကြရန်၊ ကျန်းမာရေးဂရုပြုကြရန် မှာကြား၍ ထောက်ပံ့ငွေများပေးအပ်ခဲ့ကာ ထမင်းစားဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး အစားအစာများ သန့်ရှင်း လတ်ဆတ်မှုရှိစေရေး၊ အာဟာရညီညွှတ်မျှတမှုရှိစေရေး အလေးထား ဆောင်ရွက်ရန် မှာကြားခဲ့သည်။


သတင်း  - လှမင်းထွဋ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)