ခရမ်းမြို့နယ်တွင် ဒေသဖွံ့ဖြို့ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခရမ်းမြို့နယ်တွင် ဒေသဖွံ့ဖြို့ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်



MNP - စက်တင်ဘာ  ၂၂


ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်ကာကွယ်ရေးစစ်ကြောင်းဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့နံနက်ပိုင်း က တရားဥပဒေစိုးမိုးရေးနှင့် ကာကွယ်ရေး၊ အုပ်ချုပ်ရေးတို့ ပူးပေါင်းသည့် စစ်ကြောင်းမှ ခရမ်းမြို့နယ် ပလူကျေးရွာ၊ ရေကျော်ကျေးရွာ၊ အုန်းပင်ကျေးရွာ၊ ဘိုကလေးကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါဒေသဖွံ့ဖြိုးရေးဆောင်ရွက်မူကို အုပ်ချုပ်ရေးစစ်ကြောင်း အဖွဲ့ခေါင်းဆောင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ရဲ၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး ကျော်ဇင်သန့်၊ မြို့နယ်လဝက ဦးစီးမှူး ဦးမောင်မောင်သန့်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးမောင်၊ ခရမ်းမြို့နယ် ရဲတပ်ဖွဲ့ ဒုရဲမှုးဝင်းလွင်တို့ ပါဝင်သည့်အဖွဲ့မှ ကွင်းဆင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများအား တွေ့ဆုံဆွေးနွေး၍ ပြည်သူ့လိုလားချက်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကွင်းဆင်းတွေ့ဆုံဆွေးနွေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ရဲ က နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်တို့အား အကောင်အ ထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအား ရှင်းလင်းပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)ဗိုလ်မှူးကျော်ဇင်သန့် က ပြည်သူ့စစ်နှင့် ရပ်/ကျေး ပြည်သူ့ လုံခြုံရေးအဖွဲ့များနှင့် ပြည်သူ့လုံခြုံရေးဆိုင်ရာကိစ္စများကို၎င်း ခရမ်းမြို့မရဲစခမ်းမှူး ဒုရဲမှူးဝင်းလွင် က ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူပူးပေါင်းပါဝင်သည့် ရပ်ရွာလုံခြုံဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည် ထို့နောက် ခရမ်းမြို့နယ် လူဝင်မူ့ကြီးကြပ်ရေးဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သန့် က လူဦးရေစာရင်းမှန်ကန်ရေး ပြည်သူအားလုံးနိုင်ငံသားစိစစ်ရေးကတ်နှင့် မိသားစုသန်းခေါင်စာရင်း ၆၆/၆  ရရှိရေးဆောင်ရွက်ပေးမည့် အခြေအနေများ၊ မြို့နယ်စိုက်ပျိုးရေးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးမောင် က မိုးစပါးစိုက်ပျိုးမှု ပဲတီစိမ်းစိုက်ပျိုးရေးနှင့် ယူရီးယားဓါတ်မြေဩဇာဖြန်ဖြူးရောင်းချပေးမှုများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


ထို့နောက် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ပြည်သူများကိုယ်စား ဒေသခံ ပြည်သူ (၂) ဦးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - ကိုမင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)