ဟိုင်းကြီးကျွန်းမြို့၌ ဗလမင်းထင်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေများအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုင်းကြီးကျွန်းမြို့၌ ဗလမင်းထင်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေများအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေး




MNP - စက်တင်ဘာ   ၂၅


ဧရာဝတီတိုင်ဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် မြို့စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်သည့် အမှတ်(၃)ရပ်ကွက်၊ ဗလမင်းထင်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း (၈၁၀'၁၂'၆") ဆောင်ရွက် ပြီးစီးနေမှုကို ဟိုင်းကြီးကျွန်းမြို့ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများမှ ယမန်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။


အဆိုပါ ဗလမင်းထင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို Mahar Shwe Moe CO.Ltdမှ တင်ဒါအောင်မြင်ဆောင်ရွက်ခြင်းဖြစ်ပြီး လမ်းအရည်အသွေးပြည့်မှီမှု အခြေအနေများနှင့် သတ်မှတ်အရည်အသွေးများ ပြည့်မှီမှု ရှိ/မရှိကို မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။


သတင်း - လှိုင်မျိုးအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)