MNP ၊ စက်တင်ဘာ
ကျွန်းလှမြို့နယ် အင်းကောင်းကျေးရွာ ပြည်သူ့စစ်နယ်မြေတိုးချဲ့ရေး ရပ်ရွာညီညွတ်ချမ်းသာရေး ဆရာတော်ဦးဝါသဝ ဦးဆောင်၍ သွားရောက်တွေ့ဆုံ ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆရာတော် ဦးဝါသဝ က "ဆရာတော်အနေနဲ့ကတော့ ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည် လက်လှမ်းမီသလောက်ပေါ့ ရပ်ရွာကာကွယ်ရေး ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့စည်းနိုင်ဖို့ လိုက်လံစည်းရုံးပေးတယ်။ ရပ်ထဲ ရွာထဲမှာ ကိုယ့်ရွာသားအချင်းချင်း အကြမ်းဖက်မှုတွေ မဖြစ်ပေါ်စေဖို့၊ အကြမ်းဖက်လုပ်ရပ်တွေကို အားမပေးကြဖို့ တတ်နိုင်သမျှ စည်းရုံးဟောပြောပေးခဲ့တယ်။ ကျွန်းလှမြို့နယ် အင်းကောင်းကျေးရွာမှာလည်း ပြည်သူ့စစ်ဖွဲ့စည်းနိုင်ဖို့ ရပ်ရွာအတွင်းမှာ အကြမ်းဖက်အားပေး လုပ်ရပ်တွေ မလုပ်ကြဖို့ သွားရောက်တွေ့ဆုံး ရှင်းလင်းဟောပြောပေးခဲ့ပါတယ်။" ဟု မိန့်ကြားသည်။
ကျွန်းလှမြို့နယ်အတွင်း ရေနံထွက်ရှိရာရေနံမြေများတွင်လည်းကောင်း၊ သဖမ်းဆိပ်ဆည်အတွင်း ရွှေတူးဖော်ရာနေရာများတွင် KIA, PDF အကြမ်းဖက်သမားများက ဆက်ကြေးကောက်ယူမှုများ လုပ်ဆောင်လျက်ရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment